ရေးမြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့မှာရှိတဲ့ မြို့မရဲစခန်းကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၃ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။
စစ်တပ်နဲ့ ရဲတွေ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက အခုလို ရဲစခန်း တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
ရေးမြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့သားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲ ၃ ဦး သေဆုံးကြောင်း၊ စစ်ဆင်ရေးတွေ အရှိန်မြှင့်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒေသခံတဦးက “ပစ်တာက ရေး PDF တွေက ဝင်ပစ်သွားတယ်။ ရဲတွေသေတာ ထိခိုက်ဒဏ်ရာရတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ DVB