Monthly Archives: Jul 2022

မကွေးတိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ ကောက်စိုက်ပြီး ကျည်ဆန်ဖိုးရှာနေ

မကွေးတိုင်းအတွင်းမှာ တော်လှန်ရေးအတွက် ကောက်စိုက်ပြီး ကျည်ဆန်ဖိုး ရှာဖွေနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရေရှည်ရပ်တည်နိုင်ဖို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။

တောင်သူလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့  စစ်ကောင်စီ စစ်ကြောင်းတွေကို ရှောင်နေရလို့ လုပ်ငန်းအတွက် အနှောက်ယှက်တွေ ဖြစ်ပေါ်ပြီး စိုက်ပျိုးချိန်ရောက်နေပြီဖြစ်ပေမဲ့  မစိုက်လိုက်ရတာတွေ ရှိတယ်လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့က ကောက်စိုက်တယ်ဆိုတာ တောင်သူလယ်သမားတွေကို အကူညီပေးဖို့အဓိကပါ။ ကျနော်တို့တပ်ဖွဲ့က ရဲမေတွေက ပြည်သူတွေကို အကူညီပေးပြီး သူတို့ဆီက ကျည်ဆန် တတောင့်ဖိုးပဲ ပြန်လှူလှူဆိုပြီး တင်ပြလာလို့ ခေါင်းဆောင်တွေက ခွင့်ပြုပေးခဲ့ကြတာ။ ကျနော်တို့က တောင်သူတွေဆီကနေ ဘယ်လောက်ရပါစေဆိုပြီး မျော်မှန်းပြီးလုပ်တာ မရှိဘူး။ တချို့တောင်သူတွေက တန်ရာတန်ကြေးထက်ပိုပြီး ထောက်ပံ့လှူဒါန်းပေးကြလို့ ကျနာ်တို့ ရဲမေတွေရဲ့ လုပ်အားထက်တောင်ပိုးပြီးတော့ ရနေတယ်။”

တောင်သူတွေအနေနဲ့ ရေရတဲ့အပေါ်မှာ မူတည်ပြီးစိုက်ရတာမျိုးမဟုတ်ဘဲ စစ်ဘေးမရှိတဲ့အချိန်မှာ စိုက်ရတာဖြစ်လို့ အချိန်မတန်ဘဲ စိုက်လိုက်ရတာရှိသလို အချိန်ကျော်ပြီးမှ စိုက်ရတာတွေရှိလို့ဆိုပါတယ်။

ထီးလင်းမြို့နယ် အောင်းကျေးရွာမှာတော့ စစ်ကောင်စီတပ်စခန်းနဲ့နီးတဲ့ ရွှေအောင်သာရွာဘက်က လယ်တွေ၊ ယာတွေ ဆိုရင် ဘယ်သူမှ မလုပ်ကြရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးမှာပါဝင်နေတဲ့ ရဲမေလေးတွေဟာလည်း အရင်က သူအိမ်မှာ ကိုက်စိုက်ခိုင်းရင်တောင် အလှပျက်မှာစိုးလို့ မစိုက်ကြတာရှိပေမဲ့ အခုတော့ တော်လှန်ရေးတပ်ဖွဲ့အတွက် ကျည်ဆန်  ငါးတောင့်ဖိုး၊ ဆယ် တောင့်ဖိုးပဲရရဖိုပြီး အလှပတွေကိုခေါင်းထဲ မထည့်ဘဲ လုပ်တာတွေ့ရတော့ ပီတိဖြစ်ရသလို ဝမ်းလည်းနည်းရတယ်လို့ သခင်ဇော်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တချို့ပြည်သူတွေ ချမ်းသာတဲ သူဌေးတွေ အများကြီးရှိနေပြီး ဒီလိုရဲမေတွေကို ကြည့်ပြီး သူတို့မှာရှိတဲ့ စည်းစိမ်ထဲက ဘယ်လောက်လေးဖြစ်ဖြစ် ဘယ်တော်လှန်ရေး အင်အားစုကိုဖြစ်ဖြစ် ပါဝင်ထောက်ပံ့စေလိုတယ်လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က ပြောပါတယ်။

တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့ အမျှ အလှူငွေတွေနဲ့ပဲ ရေရှည် ရပ်တည်လို့မရတော့လို့ ပခုက္ကူ-PDF အနေနဲ့ မူဝါဒတစ်ခုချမှတ်ပြီး တပ်တွင်းရိက္ခာ ဖူလုံဖို့နဲ့ ရန်ပုံငွေရရှိလာအောင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ ​ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ရဲ့တာဝန်ခံကလည်း ပြောပါတယ်။

ရဲဘော်တွေအနေနဲ့လည်း အမြဲတမ်းတိုက်ပွဲတိုက်နေရတာမဟုတ်တော့ PPDF စိုးမိုးနယ်မြေထဲက ကျေးရွာတွေက လှူထားတဲ့ လယ်၊ယာမြေတွေမှာ စိုက်ပျိုးနေတာဖြစ်ပြီး ၅ ဧကလောက်ကို စတင်စိုက်ပျိုးနေပြီ။ စပါး၊ငရုပ်၊ခရမ်းချည်သီး၊ ခရမ်းသီးနဲ့ ရာသီပေါ်သီးနှံတွေစိုက်ပျိုးထားပြီး ဝက်အကောင်ရေ ၃၀ လောက်ကို စတင်မွေးမြူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရရှိလာတဲ့ဝင်ငွေတွေကို အဓိက တပ်ဖွဲ့အတွက် ရိက္ခာနဲ့ ဒေသခံစစ်ဘေးရှောင်တွေရဲ့ လူကယ်ပြန် ကဏ္ဍတွေမှာ သုံးစွဲဖို့လျာထားတယ်လို့သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း ရေရှည်မှာ ခက်ခဲလာကြလို့ ပြည်သူလှူဒါန်းတဲ့ငွေတွေကို လက်နက်ခဲယမ်း ဝယ်ယူဖို့အတွက်ပဲ အသုံးပြုမှာပါလို့  PPDF ရဲ့တာဝန်ခံက ပြောပါတယ်။

ပခုက္ကူမြို့နယ် ယောချောင်းဘေးက ကျေးရွာ ၇ ရွာလောက်မှာတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ၅၀ ရာခိုင်နှုန်းလောက်သာ သီးနှံစိုက်ပျိုးနိုင်ပြီး ပေါက်မြို့နယ်ဘက်က ကျေး ရွာတွေမှာတော့ သီးနှံမစိုက်ပျိုးနိုင်သူတွေ များပြားတယ်လို့  PPDF က ဆိုပါတယ်

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ  ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း  နေရပ်စွန်ခွာထွက် ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၈၃၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင် ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ DVB

ဖျာပုံမြို့ရှိ အထွေထွေအုပ်ချုပ်ရေး ရွှေရတုဧည့်ရိပ်သာအနီးဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ ဒုတိယလမ်းမကြီးပေါ်ရှိ အထွေထွေအုပ်ချုပ်ရေး ရွှေရတုဧည့်ရိပ်သာအနီးတွင် ယနေ့ ဇူလိုင် ၃၀ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

” ဟိုနေ့ကပေါက်တဲ့ မြို့တော်ခန်းမဒီဘက်နားက ရွှေရတုရိပ်သာနားမှာ ပေါက်တာ။ အထိအခိုက် ရှိ၊ မရှိတော့ မသိဘူး။ အသံကတော့ တော် တော်ကျယ်တယ်။ စစ်သားနဲ့ ရဲတွေ လုပ်ကြံဖန်တီးပြီး ဖောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အတိအကျတော့ ပြောလို့မရသေးဘူး ” ဟု ဖျာပုံမြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖျာပုံမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းရာ ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း မဇ္ဈိမသို့ပြောကြသည်။ အဆိုပါ ဗုံးပေါက်ကွဲခဲ့သည့် ဧည့်ရိပ်သာသည် ဖျာပုံမြို့ မြို့တော်ခန်းမအနီးတွင် တည်ရှိနေသည်။

အလားတူ ဖျာပုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် ရွှေရတုဧည့်ရိပ်သာတို့အား ပြီးခဲ့သည့်ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက Black Dragon Commando တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသေးသည်။mizzima

ရွှေဘိုတွင် Denko ဆီဘောက်ဆာကားတစ်စီးကို PDFက ဖမ်းဆီးထိန်းသိမ်း၊စစ်တပ်​ထောက် တိုင်အဖြစ်ပါဝင်​နေ၍ ဖမ်းဆီးဟုထုတ်ပြန်

ရွှေဘိုခရိုင်တပ်ရင်း (၂၃) နှင့် မဟာမိတ်များ Shwe Bo Defense Force (SBDF)၊GZ Special Task Force. ပျောက်ကြားတပ်ဖွဲ့၊တောကြီးမြွေပွေးပျောက်ကြားတပ်ဖွဲ့ နှင့် ရွှေချိုးဖြူပျောက်ကြားတပ်ဖွဲ့တို့က စစ်ကောင်စီတပ်၏ ထောက်တိုင် ဖြစ်သော Denko ဆီဘောက်ဆာ ကားတစ်စီးကို ယနေ့ ဇူလိုင် ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် နှင့်ပတ်သက်သည့် မည်သည့်လုပ်ငန်းမဆို ပြင်းပြင်းထန်ထန် အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။khit thit

စစ်ကောင်စီတပ်မှ ဟားခါး နဲ့ ထန်တလန်မြို့အကြားရှိ တံတားပြင်ဆင်ရန် စတင်လုပ် ဆောင် သဖြင့် စစ်ရေးတင်းမာ

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ ပျက်စီးနေသော သီးမြစ်တံတားကို ပြန်လည်ပြင်ဆင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်သဖြင့် စစ်ကောင်စီနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိနေကြောင်း သိရသည်။

“ဟားခါးကနေ ထန်တလန်ကို စစ်ကူပေးဘို့ ဒီတံတားကအရေးပါတယ်၊ နောက်တစ်ခုက ဒီတံတားပြင်ပြီး ဇိုဖေးနယ်ဘက်က ပတ်ပြီး ထန်တလန်မြို့နယ်ကို တခြားဖက်က စစ်ကြောင်းထိုး နယ်မြေစိုးမိုးနိုင်ဘို့ လှုပ်ရှားနေတာလို့ သုံးသပ်လို့ရတယ်” ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။

အောက်တိုဘာ ၂၁ရက် ၂၀၂၁ နေ့က အဆိုပါ သီးမြစ်တံတားအား စစ်ရေးဗျူဟာအရ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်များမှ ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားမှာ စစ်ရေးအရ အရေးပါသော တံတားဖြစ်ကြောင်း နှင့် တံတားမရှိပါက စစ်ကောင်စီတပ်အား ထောက်ပို့ပေးရန် လေကြောင်းမှ သာပို့ပေးနိုင်မှာဖြစ်ကြောင်း သိရသည်။။

ယခု သီးမြစ်တံတားပြင်ဆင်ရန် လွန်ခဲ့သော နှစ်လခန့်မှစတင်၍ အရပ်သားဝန်ထမ်းများမှ လေ့လာနေပြီး၊ ယခုအခါ ဟားခါးမြို့မှ စစ်ကောင်စီကား များ သီးမြစ်ဖက်သို့ ထွက်ခွာရန်ပြင်ဆင်နေကာ အကယ်၍ ယင်းတံတားကို ပြင်ဆင်ရန်လုပ်ဆောင်လာပါက တိုက်ပွဲများ ဖြစ်ပွားလာမှာ ဖြစ်ကြောင်း ဆိုသည်။

ပြည်သူများအနေဖြင့် ဟားခါး – ထန်တလန် လမ်းပိုင်းအား အသွားအလာများ မပြုလုပ်ကြရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှလည်း သတိ ပေးထားသည်။

ဇူလိုင်လ ၈ရက်နေ့မှ စတင်ပြီး ဖလမ်းမြို့မှ ဟားခါးမြို့သို့ စစ်ကား ၂၇စီး အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်တွင် သီးမြစ်တံတားအား ပြင်ဆင်ရန်ဟု ယူဆရသည့် ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်လာခဲ့ပြီး CNA အပါအဝင် ဒေသခံ ကာကွယ်ရေးတပ် ဖွဲ့များတိုက်ခိုက်မှုကြောင့် အထိနာပြီး ယခုမှ ပြင်ဆင်ရေးလုပ်ငန်းစတင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းအပြင် ဇွန်လ ၃၀ရက်နေ့က ဟားခါးမြို့တွင် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး နှင့် ပြည်လည်တည်ဆောက်ရေးခေါင်းစဉ်ဖြင့် စစ်ကောင် စီတပ်မှ ထန်တလန်မြို့ နယ်အတွင်းရှိ ဘာသာရေးခေါင်းဆောင်များအား ခေါ်ဖိတ်ပြီး ကိုဗစ်ရောဂါ နှင့် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ငန်းကြောင့် ပျက်စီးသွားခဲ့သည်များအား ပြန်လည်ထူထောင်ရန် လုပ်ငန်းအစည်းအဝေး တစ်ခု ကျင်းပခဲ့ကြောင်း သိရှိရသည်။

“ထန်တလန်မြို့ ပြန်လည်တည်ဆောက်ရေး အကြောင်းပြပြီး စစ်ကောင်စီတပ်တွေက နယ်မြေစိုးမိုးဘို့လုပ်နေတာဖြစ်တယ်၊ ပြည်သူလူထုအ ကျိုးကို လုပ်သလိုဗန်းပြပြီး သူ့တို့ စစ်နည်းဗျူဟာ အောင်မြင်ဘို့ လုပ်ဆောင်နေတာဖြစ်တယ်” ဟု ဆလိုင်း ထက်နီမှ ဆက်လက်ပြောကြား သည်။

စစ်ကောင်စီက လက်နက်အားကိုး အမိန့်အာဏာနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်အနိုင်ကျင့်စေခိုင်းလာနိုင်ပြီး ပြည်သူများအနေဖြင့် အ ကြောက်တရားများမှ လွတ်မြောက်ပြီး ဖီဆန်ကြဘို့လိုကြောင်း အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီနဲ့ပူးပေါင်း လုပ်ဆောင်နေခဲ့လျှင် မြန်မာနိုင်ငံရေးတွင် စစ်ကောင်စီသက်ဆိုးရှည်နေမည်ဖြစ်သောကြောင့် ဆန့်ကျင်ကြရန် မေတ္တာရပ်ခံကြောင်း ဆိုသည်။mizzima

လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ခေါင်းဆောင်သစ်ရွေးချယ်မှု တရားမဝင်ဟု ကြေညာ

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ရဲ့ ဥက္ကဋ္ဌသစ်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်အသစ်တွေကို  ပြန်လည်ရွေးချယ်လိုက်ကြောင်း ဇူလိုင် ၂၈ ရက်မှာ  LDU က ထုတ်ပြန်ခဲ့တာဟာ  တရားမဝင်တဲ့ အကြောင်း  LDU  ခေါင်းဆောင်က ကြေညာပါတယ်။

LDU ရဲ့ ဗဟိုကော်မီတီအစည်းအဝေးကို ဇူလိုင် ၂၇ – ၂၈ နှစ်ရက်တာပြုလုပ်ခဲ့ပြီး ကျာဆော်လမွန်ကို  ဥက္ကဋ္ဌသစ်အဖြစ်  ရွေးချယ်တင်မြှောက်ကာ  ဒုဥက္ကဋ္ဌသစ်အဖြစ်  ကျာဖူး နဲ့  ဗဟိုကော်မီတီဝင်သစ်  ၉ ဦးကို ရွေးချယ်တင်မြောက်ကြောင်း ထုတ်ပြန်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း  LDU  ခေါင်းဆောင်  ဦးကျာဟားက  ဇူလိုင် ၂၉ ရက်မှာ သဘောထား ထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာပါ။

ကျာဆော်လမွန် ဦးဆောင်တဲ့အဖွဲ့သစ်ဟာ LDU နာမည်ကို အလွဲသုံးစား ပြုလုပ်ပြီး ခေါင်းဆောင်သစ်တွေရွေးချယ်ခဲ့တာဖြစ်လို့ ကန့်ကွက်ကြောင်းနဲ့ အသိအမှတ်မပြုကြောင်း လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဋ္ဌ  ဦးကျာဟားက  ဇူလိုင် ၂၉ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။

LDU ခေါင်းဆောင် ဥက္ကဋ္ဌ ကျာဟားက “ကျနော်တို့က သဘောထား ကွဲလွဲတာလည်းမဟုတ်ဘူးဗျာ။ သူတို့ ဥပဒေကို ကျော်လွန်ပြီးတော့ ကျူး လွန်တာပေါ့၊ ရှင်းရှင်ပြောရရင် ကျနော်တို့ဘက်မှာလည်း ဥက္ကဋ္ဌ နှစ်ယောက်ပါတယ်။ အတွင်းရေးမှူး တယောက်ပါတယ်။ ဘဏ္ဍာရေးမှူးနဲ့ ဟိုးအစဉ်အဆက် ဗဟိုကော်မတီလုပ်လာတဲလူ လေးငါးခြောက် ယောက်လောက်ပါတယ်။ ကျနော်တို့အဖွဲ့က ဥက္ကဋ္ဌ အဖွဲ့အကုန်လုံးပါတယ်။ ဖွဲ့စည်းပုံအရဆိုရင် အစည်းအဝေးတခုထဲမှာ ဥက္ကဋ္ဌက အနည်းဆုံး တယောက်ပါရမယ်လေ။ ဥက္ကဋ္ဌကိုလည်း မရိုမသေမလေးမစားနဲ့ အဲလိုလုပ်တာလေ။”

အာဏာသိမ်းစစ်ခေါင်းဆောင်က  ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရေး မတက်ရောက်ရေး ခေါင်းဆောင်တွေအကြား သ ဘောထားကွဲလွဲခဲ့ပြီးနောက်  ဥက္ကဋ္ဌသစ်နဲ့ ဗဟိုကော်မီတီသစ်ကို ဖွဲ့စည်းကြောင်း နေပြည်တော်သွားခဲ့တဲ့ ဦးဆော်လမွန်ဦးဆောင်တဲ့ အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၂၇- ၂၈ ရက်နေ့မှာ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် ညီလာခံမှာ ကော်မီတီဝင် ၄၅ ဦးတက်ရောက်ခဲ့ပြီး ဒီမိုကရေစီစနစ်အရ ဆန္ဒမဲနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီသစ်ကို ရွေးချယ်တင်မြောက်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဥက္ကဋ္ဌ  ဦးကျာဟားနဲ့အဖွဲ့ကတော့ ဇူလိုင် ၂၄-၂၆ ရက်နေ့က ဥက္ကဋ္ဌ အဖွဲ့ဦးဆောင်ပြီး သတ္တမ အကြိမ်မြောက်ညီလာခံကို ကျင်းပခဲ့ကြောင်း   ဇူ လိုင် ၂၉ ရက်နေ့က ပြန်လည်ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဦးဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ရဲ့ အတွင်းရေးမှူးကျာယာကုတ်က “ ဖွဲ့စည်းအပုံအရပြောရင် မလိုက်နာက သူတို့အဖွဲ့တွေဖြစ်တယ်။ သူတို့ ၂၄-၂၅-၂၆ မှာ ညီလာခံလုပ်တယ်ဆိုတာကလည်း အမှန်မှာက အနည်းဆုံးတပတ်နှစ်ပတ်အချိန်ပေးပြီးတော့ အ ကြောင်း ကြားပြီး တရားဝင်စာထွက်ပြီးမှ ကော်မီတီဝင်အားလုံးကို တရားဝင်ဖိတ်ကြားပြီးမှ ညီလာခံကျင်းပရမယ်လေ။ ဖွဲ့စည်းပုံအရနော်၊ အဲလိုရှိတဲ့အထဲမှာ သူတို့က  ညီလာခံလုပ်တယ်ဆိုပြီး တော့ ကျနော်တို့ဘာမှမသိဘူး၊ ဘာစာတစောင်လည်း ဖိတ်ကြားစာ တစောင်မှ ကော်မီတီဝင်တွေက မသိရဘဲနဲ့ သူ့တို့က ညီလာခံတွေ ကျင်းပပါတယ်။ သုတို့ရွေးချယ်တင်မြှောက်ပါတယ်ဆိုပြီး သူတို့လုပ်တာသည် သူတို့က တရားမဝင်တဲ့အဖွဲ့လို့ ကျနော်က သုံးသပ်တယ်။”

ဒါ့အပြင် ဥက္ကဋ္ဌ ကျာဟားဟာ ရွေးကောက်ပွဲ သက်တမ်း နှစ်ဆက်တိုက် တာဝန်ယူထားပြီးဖြစ်ပြီး နောက်ထပ်တခါ ပြန်လည်ရွေးကောက်ခံဖို့ ဖွဲ့စည်းပုံအရ မပေးထားကြောင်းလည်း ဆိုပါတယ်။ ဒါပြင် ဥက္ကဋ္ဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့တွေက မြန်မာစာနဲ့ မြန်မာစကား တတ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံပါချက်အရ အဲဒီအချက်ကိုထောက်ပြီး ညီလာခံကိုလုပ်ဆောင်ရာမှာ လူငယ်တွေက သူတို့ကို  မဲမပေးမှာစိုးရိမ်လို့ ညီလာခံကိုမကျင်းပဘဲ နီးစပ်ရာလူနဲ့သာ ကျင်းပခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

ဒါကြောင့် အားလုံးပါဝင်ရွေးကောက်တဲ့ ကော်မတီကသာလျှင် ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲမှာ သွားနိုင်မှာဖြစ်ကြောင်းလည်း ကျာယာကုတ်က ပြောပါတယ်။

လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နဲ့ လားဟူအမျိုးသားအဖွဲ့ချုပ်  LNO တို့  ပူးပေါင်းပြီး လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဆိုပြီး ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ပါတယ်။  

LDU အဖွဲ့ဟာ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ မှာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေး ထိုး ခဲ့တဲ့အဖွဲ့ဖြစ်ပြီး လားဟူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရတဲ့အထိ ကြိုးပမ်းလုပ်ဆောင်မယ်လို့ အထွေထွေအတွင်းရေးမှူး ကျာယာကုန်က ပြောပါတယ်။စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဥက္ကဋ္ဌ ကျာဟားက တက််ရောက်ခဲ့တာ မရှိပေမဲ့ အထွေထွေ အတွင်း ရေးမှူး ကျာဆောလမွန်ကတော့ တက်ရောက်ခဲ့တာာ ဖြစ်ပါတယ်။ DVB

ဂန့်ဂေါတွင် စျေးထွက်ဝယ်သည့် ရဲ ၃ ဦး ပစ် ခတ်ခံရပြီး ၂ ဦးသေ ၊ ပေါက်မြို့ နယ်တွင် ရွာမီးရှို့ခဲ့သည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး၊ ရဲနှင့်ပျူစောထီးလိုက်ပါသော ကား မိုင်းဆွဲခံရပြီး သေဆုံးမှုများနိုင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စျေးဝယ်ထွက်သည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိကြောင်း PDF-GANGAW-တောင်ပိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းမှ စျေးဝယ်ထွက်လာသော ရဲတပ်ဖွဲ့ဝင် ၃ ဦးကို PDF-GANGAW-တောင်ပိုင်း ရဲဘော်များက ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ရဲ ၂ ဦး သေဆုံးကြောင်း၊

ရဲ ၁ ဦးမှာ နံကြားသို့သေနတ်မှန်ဒဏ်ရာဖြင့်ထွက်ပြေးသွားကြောင်း၊ ရဲစခန်းအတွင်းမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း PDF-GANGAW-တောင်ပိုင်းရဲဘော်များမှာ ထိခိုက်မှုမရှိပဲအောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် ကျားပစ်ကန်ရွာကို မီးရှို့ပြီး တောင်မြင့်ရွာသို့ ဆုတ်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီဝင်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက ဇူလိုင်လ ၂၈ ရက်နေ့တွင် တိုက် ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၇ သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Black Eagle Defense Force-MMU (မြင်းမူလင်းယုန်နက် ကာ ကွယ်ရေးအဖွဲ)မှ သတင်းထုတ် ပြန်သည်။

ယင်းနေ့တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ နေ့လယ်၁၁ နာရီခွဲမှ ညနေ ၅ နာရီအထိ တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ညနေ ၄ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးကျဆုံးပြီး အထိနာနေသည့် စစ်ကောင်စီစစ် ကြောင်းသည် လေယာဉ်ပစ်ကူခေါ်ခဲ့ကြောင်း၊ ညနေ ၅ နာရီအထိ နာရီဝက်ကြာလေယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်အင်အား မမျှတမှု ၊ ကျည်မလုံလောက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဘက်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း Black Eagle Defense Force-MMU (မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defense Force-MMU (မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ)နှင့် အတူ ပေါက်တောင်ပိုင်း ပြောက် ကျားတပ်ဖွဲ့ – SPGF၊ PDF Pauk တပ်ရင်း- ၄ ၊ PDF Pauk တပ်ရင်း – ၆ ၊ Pauk Revolution Front – PRF ၊ Knight Commander PDF ၊ King Fighter – SGF ၊ Young Revolution Front – YRF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။

ထို့ပြင် စစ်ကိုင်းမြိုနယ် အမှတ်(၃)ရဲသင်တန်းကျောင်းမှ မုံရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင် စီဝင် ရဲနှင့် ပျူစောထီးများ စီးနင်းလာသည့် ကားတစ်စီးကို ယနေ့ ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပဒေသာ-မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဘိုးမင်းကြီးကင်း ကျေး ရွာနှင့် ဂွေးပင်တောကျေးရွာအကြား နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အဆိုပါ ကားကိုပင် မိုင်း သုံးလုံး၊ တစ်ဖက်ပွင့်ပြောင်း ငါးလုံးတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဂွေးပင်တောကျေးရွာအရှေ့ဘက်အရောက်တွင် ပဒေသာ မိုင်း ၃ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် ကား အလယ်တည့်တည့်ကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း ၊ တော်လှန်ရေးရဲဘော်များ ထိခိုက်မှု မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူမြို Black Eagle Defense Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ) က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို Black Eagle Defense Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ) မှ ဦးဆောင်၍ People’s Defense Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ)၊ မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ- CDSOM၊ စသည့် ညီနောင် မဟာမိတ်( ၅ )ဖွဲ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ဟားခါး-ထန်တလန်လမ်းပိုင်းနှင့် အင်းတော်-ဗန်းမောက်ကားလမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ထား

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်လမ်းပိုင်းကို   ဇူလိုင် ၃၀ ရက်ကစပြီး ပြည်သူတွေ ခရီးသွားလာတာ လုံး၀ မပြုလုပ်ကြဖို့ ချင်းဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက အရေးပေါ် သတိ‌ပေးချက်ထုတ်ပြန်ထားပါတယ်။

ဒေသခံတစ်ဦးက “စစ်ကောင်စီတွေက အင်အားဖြည့်နိုင်အောင် တံတားပြင်ဖို့ လုပ်နေကြတာပါ။ အခု စစ်ရေးတင်းမာနေလို့ အဲဒီဘက်ကို ပြည်သူတွေ မသွားလာကြဖို့ သတိပေးထုတ်ပြန်ထားတာ ပါ ”လို့ ပြောပါတယ်။

လက်ရှိအ‌ခြေအနေမှာ စစ်ရေးတင်းမာနေလို့ ထုတ်ပြန်တာဖြစ်ပြီး အဆိုပါဒေသမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင် ၂၇ ရက်ကစပြီး ဟားခါးနဲ့ ထန်တလန်ကြားရှိ သီးမြစ်ချောင်းတဘက်မှာ စစ်ကောင်စီတပ်ဖွဲ့‌တွေ အင်အားဖြည့်နေပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ The Chin Journal က ရေးသားဖော်ပြထားပါတယ်။

အလားတူ အင်းတော်-ဗန်းမောက်ကားလမ်းကို တိုက်ပွဲဖြစ်ပွားနေတာကြောင့်  ဇူလိုင် ၃၀ ရက် တစ်ရက် ဖြတ်သန်းသွားလာခြင်းမပြုဖို့   Indaw Revolution-IRက ဒီနေ့မနက်မှာ အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။

ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးယာဥ်တွေ လုံးဝ  ဖြတ်သန်းသွားလာခြင်းမပြုဖို့ ထုတ်ပြန်လိုက်တာပါ။

Indaw Revolution-IRက သတင်းပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်နေလို့ပါ။ ပွဲက မပြီးသေးပါဘူး။   စစ် (–) တွေက အရပ်သားကားတွေကို ကာဗာ လုပ်ပြီးသွားရင် လုပ်ရကိုင်ရတာ ကြပ်မှာစိုးလို့ပါ”လို့  ပြောပါတယ်။

စည်းကမ်းမလိုက်နာဘဲ တစ်စုံတရာဖြစ်ပွားခဲ့ပါက မိမိတို့အဖွဲ့မှ တာဝန်မယူဘူးလို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းအသုံးပြုုလို့ရတဲ့ ပြည်သူတွေအနေနဲ့ ဖုန်းနဲ့ ဒါမှမဟုတ် သင့်ရာနည်းနဲ့ အချင်းချင်းဆက်သွယ်ပြီး သတိပေး ပေးကြပါလို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။ DVB

ရေဖြူမြို့နယ်ရှိ ကျေးရွာတချို့ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ကျေးရွာ တချို့ကို ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် စစ်ကောင်စီက စစ် ကြောင်းထိုး ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ပြီး နောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဖြူမြို့နယ် ဧကနီနှင့် ခမောင်းချောင်းရွာတို့ကို စစ်ကောင်စီက စစ်ကား ခြောက်စီးနှင့် စစ်ကောင်စီ တပ်သား အများပြားဖြင့် သေနတ်ပစ်ဖောက် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ရွာသားတချို့ သေနတ်ထိမှန်ကာ ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရေဖြူမြို့ခံ တစ်ဦးက”စစ်တပ်က ရွာထဲ အာရုံတက်ချိန်မှာ ဝင်လာတဲ့ အချိန်ကစပြီး သေနတ်နဲ့ ရမ်းပစ်တယ်၊ ရွာခံ တချို့ ဖမ်းခံထားရပြီး သေ နတ်နဲ့ ပစ်ခံရတဲ့သူတွေလည်း ရှိနေတယ်၊ အခုဆို ရွာထဲမှာ လူတွေ မနေရဲတော့လို့ ထွက်ပြေးတိမ်းရှောင်နေရတယ်”ဟု ပြောသည်။

ထိုအပြင် အခုလို စစ်ကောင်စီက ရွာကို အကြမ်းဖက်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံပြည်သူများ၏ နေ အိမ်များကို ဝင်ရောက်ကာ ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းများကိုလည်း ဖောက်ထွင်း ခိုးယူမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

ယင်း နောက် နံနက် ၆နာရီခန့် အချိန်တွင် စစ်ကောင်စီ ဘက်က လက်နက်ကြီး /ငယ်များ ဆက်တိုက် ပစ်ခတ်သံများ ပြုလုပ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ပြန်လည်တိုက်ခိုက်ခဲ့၍ နှစ်ဖက် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံ မှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် ဧကနီနှင့် ခမောင်းချောင်း အပါဝင် ရွာ ငါးရွာ နီး ပါးက ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း သိရ သည်။

လက်ရှိ အချိန်အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေ၍ ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ် ထိမှန်သူနှင့် ဖမ်းဆီးခံရသူများ ဦးရေကိုမူ အတိအကျ မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

စစ်ဘေးရှောင်ပြည်သူများအတွက် YDFက ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်ကူညီ

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်း စန်းမြို့ရွာရှိ  စစ်ဘေးရှောင်ပြည်သူတွေထံ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့   YDF တပ်ရင်း ၄ PDB ကဦးဆောင်ပြီး YDF တပ်ရင်း ၁၊၂၊၃ တို့နဲ့ ပူးပေါင်းကာ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူဦးရေ ၁၄၀ ကျော်ကို ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု သွားရောက် ကူညီပေးနိုင်ခဲ့ပြီး မိဘပြည်သူတွေအနေနဲ့ ယောဒေသကို ကူညီပေးကြပါလို့ YDF  ယောအဖွဲ့ဝင်တဦးက ပြောပါတယ်။

တခြားစစ်ရှောင်စခန်းတွေအတွက်လည်း  ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက် ကူညီပေးနိုင်ဖို့ ပြင်ဆင်နေပြီး ပြည်သူတွေအနေနဲ့ လမ်းခရီးစရိတ်နဲ့ ဆေးဝါးတွေ ပါဝင်ကူညီပေးကြဖို့ကိုလည်း YDF က အထူးမေတ္တာရပ်ခံထားပါတယ်။ DVB

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် စစ်​ကောင်စီ၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဥပဒေ မဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ဆန့်ကျင် ရှုတ်ချ ချီတက် ဆန္ဒပြ

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် မြန်မာ အကြမ်းဖက် စစ်တပ်၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ဆန့်ကျင် ရှုတ်ချချီတက် ဆန္ဒပြကြောင်း သိရသည်။

ဆန္ဒပြပွဲကို မဲလ်ဘုန်းမြို့နေ မြန်မာမိသားစုများမှ မြို့လယ်ရှိ Federation Square တွင် မွန်းလွဲ ၁၂ နာရီခန့်၌ ကျင်းပခဲ့ပြီး မဲလ်ဘုန်းရှိ မြန်မာလူမှု အသိုင်း အဝိုင်းကို အစဉ်တစိုက် အားပေး ကူညီခဲ့သည့်၊ ဗစ်တိုးရီးယားပြည်နယ် လွှတ်တော် အမတ် Mr. Meng Heang Tak တက်ရောက်ခဲ့ပြီး၊ မြန်မာ့အရေးကို ထောက်ခံအားပေးသူမ၏ သြစတြေးလျ နိုင်ငံသားများလည်း အတူတကွ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲ အခမ်းအနားတွင် လူငယ်များ၏ စစ်အာဏာရှင် စနစ် သရုပ်ပြပွဲကိုလည်း ထည့်သွင်းခဲ့ပြီး၊ မကြာမီက သြစတြေးလျ နိုင်ငံကိုရောက်ရှိလာတဲ့၊ သရုပ်ဆောင်မင်းမော်ကွန်းနှင့် စာရေးဆရာ မင်းဒင်တို့ကလည်း တက်ရောက်ပြီး သေဒဏ်ပေးခံလိုက်ရသည့် ကိုဂျင်မီ၊ကိုဇေယျာသော် ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အတွက်ဝမ်းနည်း စကားပြောကြားခဲ့ကြောင်း သိရသည်။ khit thit

« Older Entries