ကနီတွင် ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသော စစ်သင်္ဘော၇ စီးကို တိုက် ခိုက်ရာ စစ် သား ၂၅ ဦးသေဆုံး၊ မြင်းခြံတွင် ပျူစောထီး ၁ ဦးသေဆုံးပြီး လက် နက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်သင်္ဘောနှင့်ထောက်ပို့ ရေယာဉ်များကို PDF တပ်များက စုပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးကြောင်း PDF များ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဇူလိုင် ၂၄ ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်သင်္ဘော နှင့် ထောက်ပို့မော်တော်ရေယာဉ် ၇စီးကို မြွေပိုင်းတောင်အနီးတွင် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – DRPA နှင့်ညီနောင်မဟာမိတ်များဖြစ်သော Independence Army – IA,Kani Guerrilla Force – KGF, Kani Chindwin Revolution Force – KCDRF , Kani People Defence Force 1 – KPDF 1 အဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း PDF မဟာမိတ်တပ်များက ဆိုသည်။
အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် စံပြကျေးရွာ တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ သက်တော်စောင့် ပျူစောထီးတစ်ဦးကို Natogyi People Defense Force က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ အဆိုပါ ပျူစောထီး သေဆုံးပြီး ၎င်းထံမှ ကာဗိုင် ၁ လက်၊ 12 Bore Slide Action Shotgun ၁ လက် 12 Bore Shotgun ကျည်အတောင့် ၂၀ တို့ကိုသိမ်းဆည်းရမိကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားသည်။ khit thit