ကေအန်ယူ တပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ ရင်း  ၉ နယ်မြေကို  ဇူလိုင် ၂၉ ဒီမနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ  စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့  လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့  KNLA နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ 

စစ်ကောင်စီတပ်က လေကြောင်းကနေ ရမ်းသန်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေ နေထိုင်တဲ့ အဆောင်ခေါင်မိုးပေါ်ကို စစ်သေနတ်ကျည်တွေထိမှန်ခဲ့ပြီး အဆောက်အဦအမိုး အနည်းငယ်ပျက်စီးသွားပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် လူတွေသေဆုံးသူမရှိပေမဲ့ အမျိုးသမီးတယောက်နဲ့  အမျိုးသားသုံးယောက်  ခြေထောက်နဲ့ လက်တို့မှာ ရှပ်ထိ ဒဏ်ရာ( မစိုးရိမ်ရ)ရခဲ့ပါတယ်။ 

တပ်မဟာ ၃ နယ်မြေမှာ  စစ်ကောင်စီတပ်က အခုလအတွင်း ရဟတ်ယာဥ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာ နှစ်ကြိမ်ရှိပြီ ဖြစ်ပြီး  ပထမ အကြိမ်တုန်းက  မုန်းဒေသနယ်မြေထဲမှာ ပစ်ခတ်ခဲ့ပါသေးတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်စလုံးမှာ  ကရင်လက်နက်ကိုင်တပ်တွေ   ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူးလို့ KNLA နဲ့ နီးစပ်သူအသိုင်း အဝိုင်းက ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s