ကျောက်ဖြူနယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က ပစ်သတ်၊ ရဲတပ်သားစိုးလင်းအောင် လက် နက်ဖြင့် လွတ်မြောက်သွား

ရခိင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ဖြူမြို့မရဲစခန်းတွင် နယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က ပစ်သတ်လိုက်ပြီး ရဲတပ်သားစိုးလင်းအောင် လက်နက်ဖြင့် လွတ်မြောက်သွားကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန် ကျောက်ဖြူမြို့မရဲစခန်းတွင် သေနတ်ပစ်ခတ်သံ ၅ ချက် ခန့်ထွက်ပေါ်ခဲ့ပြီး နယ်ထိန်းခေါင်း ဆောင် ရဲအုပ် အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲအုပ်အုန်းကျော်ဌေးကို သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဒုရဲအုပ် အုန်းကျော်​ဌေးက ရဲတပ်သား စိုးလင်းအောင်နဲ့ ရဲတပ်သားတစ်ဦး ရန်ဖြစ်တာကို တားရင်း ပစ်ခံရတာပါ။ ရဲဘော်တပ်သားတွေကို မ ကြာခဏ ထိုး ကြိတ် ကန်ကျောက်တတ်တာက တပ်ကနေ အသစ်ပြောင်းလာတဲ့ ကျောက် ဖြူ ခရိုင်မှူးပါ ။ ခရိုင်မှူးက ခေါ်ယူပြီး ထိုးကြိတ်ထားလို့ ရဲတပ်သားစိုးလင်းအောင်က မကျေမနပ်ဖြစ်နေတာလည်း ရှိပါတယ်။ ခရိုင်မှူးက ထိုးကြိတ်ပြီးကတည်းက ရဲတပ်သားစိုးလင်းအောင်က အကုန်လုံးကို သတ်ပစ်မယ်ဆိုပြီး ကြိမ်းထားတာ ကြာပြီလို့ သိရပါတယ်။ ရဲတပ်သားစိုးလင်းအောင်က သေနတ်နဲ့ ပစ်တာက ရဲအုပ်အုန်းကျော်ဌေးနဲ့ ရဲတပ်သားရန်နိုင်ကိုပါ။ ရဲတပ်သားရန်နိုင်ကိုလည်း မနက်၄ နာရီအထိရှာမတွေ့သေးဘူးလို့သိရပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုကပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s