ချင်းတွင်းမြစ်တွင်းသွားရေယာဉ်များ သတင်း ပို့ရန် ဒေသကာကွယ်ရေးတပ် အသိပေးကြေ ညာ

ချင်းတွင်းမြစ်ရိုးတလျောက် ရေကြောင်းသွားလာတာကို ဇူလိုင် ၂၃ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားပေမဲ့ ပြည်သူ့ပိုင်ရေယာဉ်တွေ သွားလာလိုပါက ဒေသကာကွယ်ရေးတပ်ထံ ကြိုတင်သတင်းပို့ကြဖို့  Dragon Brothers Task Force – DBTFက ဇူလိုင် ၂၉ ရက်မှာ အသိပေးချက် ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ့မော်တော်ယာဥ်တွေကို ချောဆွဲဆန်တက်တာတွေ၊ အသွင်ယူ သွားလာတာတွေ လုပ်နေတာကြောင့် အခုလို ရေ ကြောင်းသွားလာတာကို ပိတ်ထားရတယ်လို့ သိရပါတယ်။

Dragon Brothers Task Force – DBTF အဖွဲ့ဝင် တဦးက  “အခုလို သတင်းပို့ သွားလာတာ မရှိပါက စစ်ကောင်စီရေယာဉ်တွေ ဟုတ်၊ မဟုတ် ဇဝေဇဝါဖြစ်ရပြီး  ကျနော်တို့အနေနဲ့ လုပ်ကိုင်ရတာ အခက်အခဲများစွာရှိနေတယ်”လို့ ပြောပါတယ်။

ရေယာဉ်တွေအနေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေဖြစ်တဲ့ နဂါးညီနောင်တပ်ဖွဲ့(DBTF)၊ Yoma Fighter PDF၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့ထံ သတင်းပို့ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Dragon Brothers Task Force – DBTF နဲ့ ဒေသခံပြည်သူကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ချင်းတွင်းမြစ်ကြောင်းက အလုံ၊ မင်းဒေါင့်အနီးဝန်းကျင်တွေမှာ စစ်ကောင်စီတပ်နဲ့ မကြာခဏ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အလားတူ ရေဦး-ညောင်ပင်သာ-ရွှေဘိုလမ်းပိုင်းနဲ့ ရေဦး-ခင်ဦးလမ်းပိုင်းကို ဇူလိုင် ၃၀ ရက်ကစပြီး နောက်ထပ်ကြေညာချက်မထုတ်မချင်း အ သုံးမပြုကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s