ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနဲ့ ရေပိုးစားကျေးရွာကြားမှာ မိုင်းရှာ‌တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၂၈ ရက် ည ၁၀ နာရီခွဲလောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ 

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၆ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သတင်းပြန်ကြားရေးရဲ့ ဇူလိုင် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်ကယ် ၂ စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်တောက်တွန်း(MBTT)က “ စစ်ကောင်စီတပ် ကင်းပုန်းချထား တာ။ ၉ ယောက် ၁၀ ယောက်လောက် အဲဒီနား ဝေ့လည်လည်လုပ်နေတာ။ ည ၁၀ နာရီလောက်မှာ မိုင်း ၃ လုံး ဆွဲလိုက်တာ။ ဆိုင်ကယ်တွေရောပါတယ်။”လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၊ မြို့နယ်ပကဖ၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊Saw Bwar Gyi (MPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှု အခြေနေကိုတော့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s