စစ်ကောင်စီတပ်မှ ဟားခါး နဲ့ ထန်တလန်မြို့အကြားရှိ တံတားပြင်ဆင်ရန် စတင်လုပ် ဆောင် သဖြင့် စစ်ရေးတင်းမာ

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ ပျက်စီးနေသော သီးမြစ်တံတားကို ပြန်လည်ပြင်ဆင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်သဖြင့် စစ်ကောင်စီနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိနေကြောင်း သိရသည်။

“ဟားခါးကနေ ထန်တလန်ကို စစ်ကူပေးဘို့ ဒီတံတားကအရေးပါတယ်၊ နောက်တစ်ခုက ဒီတံတားပြင်ပြီး ဇိုဖေးနယ်ဘက်က ပတ်ပြီး ထန်တလန်မြို့နယ်ကို တခြားဖက်က စစ်ကြောင်းထိုး နယ်မြေစိုးမိုးနိုင်ဘို့ လှုပ်ရှားနေတာလို့ သုံးသပ်လို့ရတယ်” ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။

အောက်တိုဘာ ၂၁ရက် ၂၀၂၁ နေ့က အဆိုပါ သီးမြစ်တံတားအား စစ်ရေးဗျူဟာအရ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်များမှ ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားမှာ စစ်ရေးအရ အရေးပါသော တံတားဖြစ်ကြောင်း နှင့် တံတားမရှိပါက စစ်ကောင်စီတပ်အား ထောက်ပို့ပေးရန် လေကြောင်းမှ သာပို့ပေးနိုင်မှာဖြစ်ကြောင်း သိရသည်။။

ယခု သီးမြစ်တံတားပြင်ဆင်ရန် လွန်ခဲ့သော နှစ်လခန့်မှစတင်၍ အရပ်သားဝန်ထမ်းများမှ လေ့လာနေပြီး၊ ယခုအခါ ဟားခါးမြို့မှ စစ်ကောင်စီကား များ သီးမြစ်ဖက်သို့ ထွက်ခွာရန်ပြင်ဆင်နေကာ အကယ်၍ ယင်းတံတားကို ပြင်ဆင်ရန်လုပ်ဆောင်လာပါက တိုက်ပွဲများ ဖြစ်ပွားလာမှာ ဖြစ်ကြောင်း ဆိုသည်။

ပြည်သူများအနေဖြင့် ဟားခါး – ထန်တလန် လမ်းပိုင်းအား အသွားအလာများ မပြုလုပ်ကြရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှလည်း သတိ ပေးထားသည်။

ဇူလိုင်လ ၈ရက်နေ့မှ စတင်ပြီး ဖလမ်းမြို့မှ ဟားခါးမြို့သို့ စစ်ကား ၂၇စီး အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်တွင် သီးမြစ်တံတားအား ပြင်ဆင်ရန်ဟု ယူဆရသည့် ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်လာခဲ့ပြီး CNA အပါအဝင် ဒေသခံ ကာကွယ်ရေးတပ် ဖွဲ့များတိုက်ခိုက်မှုကြောင့် အထိနာပြီး ယခုမှ ပြင်ဆင်ရေးလုပ်ငန်းစတင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းအပြင် ဇွန်လ ၃၀ရက်နေ့က ဟားခါးမြို့တွင် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး နှင့် ပြည်လည်တည်ဆောက်ရေးခေါင်းစဉ်ဖြင့် စစ်ကောင် စီတပ်မှ ထန်တလန်မြို့ နယ်အတွင်းရှိ ဘာသာရေးခေါင်းဆောင်များအား ခေါ်ဖိတ်ပြီး ကိုဗစ်ရောဂါ နှင့် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ငန်းကြောင့် ပျက်စီးသွားခဲ့သည်များအား ပြန်လည်ထူထောင်ရန် လုပ်ငန်းအစည်းအဝေး တစ်ခု ကျင်းပခဲ့ကြောင်း သိရှိရသည်။

“ထန်တလန်မြို့ ပြန်လည်တည်ဆောက်ရေး အကြောင်းပြပြီး စစ်ကောင်စီတပ်တွေက နယ်မြေစိုးမိုးဘို့လုပ်နေတာဖြစ်တယ်၊ ပြည်သူလူထုအ ကျိုးကို လုပ်သလိုဗန်းပြပြီး သူ့တို့ စစ်နည်းဗျူဟာ အောင်မြင်ဘို့ လုပ်ဆောင်နေတာဖြစ်တယ်” ဟု ဆလိုင်း ထက်နီမှ ဆက်လက်ပြောကြား သည်။

စစ်ကောင်စီက လက်နက်အားကိုး အမိန့်အာဏာနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်အနိုင်ကျင့်စေခိုင်းလာနိုင်ပြီး ပြည်သူများအနေဖြင့် အ ကြောက်တရားများမှ လွတ်မြောက်ပြီး ဖီဆန်ကြဘို့လိုကြောင်း အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီနဲ့ပူးပေါင်း လုပ်ဆောင်နေခဲ့လျှင် မြန်မာနိုင်ငံရေးတွင် စစ်ကောင်စီသက်ဆိုးရှည်နေမည်ဖြစ်သောကြောင့် ဆန့်ကျင်ကြရန် မေတ္တာရပ်ခံကြောင်း ဆိုသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s