စမ်းချောင်း ရှမ်းလမ်းမီးပွိုင့်ယာဉ်ထိန်းရဲကင်းတွင် ဗုံး ၂ လုံးပေါက်၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့နယ်နှင့် မြောက်ဒဂုံတို့တွင် ဗုံးများ ဆက် တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်၊ ရှမ်းလမ်းမီးပွိုင့်ယာဉ်ထိန်းရဲကင်းတွင် ယနေ့ ညပိုင်း ဗုံး ၂ လုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင် ၂၉ ရက်နေ့ ညပိုင်း ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ၊ ရှမ်းလမ်းမီးပွိုင့်တွင် ည ၁၁ နာရီနှင့် ည ၁၁ နာရီ ၅ မိနစ်အချိန်တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်သည်ဟု သိရှိရသည်။

“စမ်းချောင်းမှာ ဗဟိုလမ်းနဲ့ ဗားကရာလမ်းထောင့် ယဥ်ထိန်းရဲကင်းမှာ ဗုံးနှစ်ကြိမ် ခုည ၁၁နာရီမှာပေါက်ပါတယ်။ ၅ မိနစ်လောက်ပဲခြားတယ်။ စစ်ခွေးတွေ လာမစစ်တော့ အထိအခိုက်မရှိပါဘူး။ အဲဒီယာဉ်ထိန်းရဲကင်းက စမ်းချောင်းတရားရုံးနဲ့လည်းနီးပါတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

အလားတူ အင်းစိန်မြို့နယ်၊ ပေါက်တော၀တွင်လည်း ယနေ့ ည ၁၁ နာရီ ၁၃ မိနစ်ဝန်းကျင်အချိန် ဗုံးပေါက်ကွဲကြောင်း၊ ပေါက်တော၀ မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်းအနီးနှင့် အင်းစိန်ထောင်အနီးတို့တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲသံကြားပြီးနောက် သေနတ်ပစ်ခတ်သံတချို့ကြားရကြောင်း‌ ဒေသခံများကဆိုကြသည်။

“ဗုံးက ဆင့်ကဲပေါက်တာ။ နှစ်ကြိမ်ဗျ။ ပစ်ခတ်သံလည်းကြားရတယ်” ဟု အင်းစိန်၊ ပေါက်တော၀ မုဒိတာအိမ်ရာ ၂ အနီးနေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်တွင်လည်း ယနေ့ည ၁၁ နာရီအချိန်တွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရသည်ဟု မရမ်းကုန်း ၂ ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် လှိုင်မြို့နယ်တွင်လည်း ယခု ည ၁၁ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း ၊ စစ်တပ်ကားများ ကင်းလှည့်နေကြောင်း သိရှိရသည်။

“ပေါက်တဲ့အသံက အရမ်းကိုကျယ်တာဗျာ။ တိုက်တွေတောင် တုန်တယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

မြောက်ဒဂုံတွင်လည်း ယခု ည ၁၀ နာရီ ၂၅ မိနစ်နှင့် ည ၁၁ နာရီဝန်းကျင်တွင် ၂ ကြိမ်ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s