နိုင်ငံအနှံ့ တော်လှန်ရေးအတွက် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်ရန်နှိုးဆော်

မြန်မာတစ်နိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးအတွက် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲအား ဇူလိုင် ၃၁ ရက်(တနင်္ဂနွေနေ့)တွင် လုပ်သွားမည်ဟု နှိုး ဆော်ထားကြသည်။
ထို့ကြောင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို ယင်းနေ့ နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုအနေဖြင့် မိမိတို့စုဝေးရန်အဆင်ပြေသည့် နေရာဒေသတစ်ခုတွင် စုဝေးကြပြီးနောက် တော်လှန်ရေးသစ္စာအဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုသွားကြမည်ဖြစ်သည်။
ယင်း တော်လှန်ရေးသစ္စာအဓိဋ္ဌာန်မှာ “တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အ လေးပြုပါသည်။” ၊ “တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။” ၊ “ တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့ သည်မြေ၌ တည်ပါစေသတည်း။”၊ “ တရားတဲ့သူနိုင်ကြေးဟေ့” စသည့် သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆိုဟစ်ကြွေးကြရန် တိုက်တွန်းထားသည်။
ပြည်သူအများစုဝေးမည့် နေရာသို့ ရောက်ရှိရန်အခက်အခဲရှိပါက ကားဟွန်းတီးခြင်းနှင့် သံပုံးတီးခြင်းတို့ ပါ၀င်အားဖြည့်နိုင်ကြောင်း ထပ်မံ အသိပေးတိုက်တွန်းထားသည်။
အဆိုပါ တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ပြုပွဲသည် ဇူလိုင် ၂၈ ရက်က အမျိုးသားညီညွှတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၏ အရေးပေါ်နိုင်ငံတော် အခြေပြမိန့်ခွန်းပြောအပြီး တော်လှန်ရေးအတွက် ပထမဆုံး လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတစ်ခုလည်းဖြစ်သည်။ mizzima