ပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက် ထားလိုပါက အွန်လိုင်းဘွတ်ကင် ကြိုတင်ပြု လုပ်ရမည်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး၌ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုပါက အွန်လိုင်းဘွတ်ကင် တစ်လကြိုတင်ပြုလုပ်ရပြီး စနစ်မကျသဖြင့် ယခင်ထက်ပိုမိုရှုပ်ထွေးကာ ရုံးတွင်လည်း လူတိုးဝှေ့တန်းစီရမြဲဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နေ့စဉ် ထောင်နှင့်ချီသောပြည်သူများ ပတ်စ်ပို့စာအုပ်နှင့်ပတ်သက်သည်များကို လာရောက်လုပ်ကိုင်ကြသဖြင့် ရန်ကုန်တစ်ရုံးထဲတွင်တောင် တိုးကြိတ်နေရဆဲဖြစ်ကာ အခက်အခဲများလည်းကြုံရကြောင်း သိရသည်။

“ပတ်စ်ပို့လုပ်ရင် ကိုယ်တိုင်ပဲလုပ်ပါ၊ ဒီကာလပိုဆိုးပါတယ်၊ အရင်ထဲက ပွဲစားတွေရှိတယ်ဆိုတာမှန်ပေမယ့် အခုပြည်သူတွေက မိအေးနှစ်ခါနာတယ်၊ သူတို့ထုတ်ထားတဲ့ စနစ်ပဲ အွန်လိုင်းဘွတ်ကင်ကြိုယူရမယ်ဆိုတာ၊ အဲ့ထဲက ခွက်ခွက်လန်တာပါ၊ အဲ့လိုယူဖို့ သေမတတ်ကြိုးစားရပါတယ်၊ အဲ့အဆင့်ကိုကျော်ဖို့က လုံးဝမလွယ်ပါဘူး၊ ဒီတော့ ကူညီပေးမယ့်သူတွေထွက်လာပါတယ်၊ အလကားမရပါဘူး ဟုတ်တယ် ပိုက်ဆံပေးရတယ်၊ အဲ့ကနေစပြီး လိမ်တာတွေရှိလာတာပဲ၊ တကယ်လုပ်ပေးတဲ့သူတွေလည်းရှိတယ်၊ QR Code တစ်လုံး ၂၀,၀၀၀ ၊ ၂၅,၀၀၀ ကနေ ၇၅,၀ ၀၀ထိ ပေါက်စျေးရှိတယ်၊ ဒါတင်မပြီးဘူး ရုံးရောက်လို့ ကိုယ်ကမလည်မဝယ်ပုံစံသွားလုပ်ပြရင် ပွဲစားနဲ့တိုးပြီး ငွေသိန်းကျော်ထွက်ပါဦးမယ်၊ အရင်က တန်းစီရတာ လူများလို့ ဘွတ်ကင်ကြိုယူရကာမှ လူတွေမှာ ဘွတ်ကင်ယူရတာ အဆင်မပြေတာကနေ ရုံးရောက်သွားတဲ့အဆုံး ပိုက် ဆံ ပိုကုန် တန်းစီရတာလည်း ထူးမခြားနား၊ နေ့တိုင်း လူထောင်ကျော်၊ ဒီနေ့မမီရင် နောက်နေ့ပါကူးသေးတယ်၊ ကိုဗစ်အကြောင်းတော့ မမေးပါနဲ့ ကူးသာလာမယ်ဆို အကုန်ပွဲပါပဲ၊ မသေရုံတမယ် တိုးရတာပါ၊ ပိုက်ဆံပေးလုပ်ရင်တော့ အဆင့်တွေအကုန်ကျော်ပြီး တန်းဝင်ရမှာပါ၊ မလုပ်ရင်တော့လည်း စောစောသွားတာ မိုးမလင်းခင် အကောင်းဆုံးပါပဲ။” ဟု ပတ်စ်ပို့လုပ်သူတစ်ဦးက ပြောသည်။

အွန်လိုင်းဘွတ်ကင်စနစ်သည် တစ်ရက်ကို လူဦးရေ ၂,၅၀၀ လက်ခံပြီး ၎င်းအတွက် လျှောက်ထားသူအရေအတွက်မှာ လက်ခံနိုင်သူဦးရေထက် များပြားသဖြင့် အခက်အခဲဖြစ်ပေါ်ရခြင်းဖြစ်သည်၊ လက်ရှိတွင် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ သုံးလစာအတွက် ရက်ပြည့်၊ လူဦးရေပြည့်ဖြစ်သွားပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပတ်စ်ပို့စာအုပ်လုပ်ရန် အမြန်လိုသူများအဖို့ QR ကုဒ်ရပြီးသူများထဲတွင် စာအုပ်မလုပ်ဖြစ်သောသူများရှိပါက ဘွတ်ကင်ပြန်ဝယ်ရခြင်းမျိုးများလည်းရှိကြောင်း ကြားသိရသည်။

“လူတွေများတယ်၊ အချိန်အကြာကြီးစောင့်ရတယ်ဆိုတာက ဗီဇာကသာ လဝက ကိုင်တာ။ ပတ်စပို့လုပ်တာက လဝက တစ်ခုထဲနဲ့တင်မပြီးဘူး။ သုံး ခုကိုင်တာ။ စသုံးလုံးက အရင်စစ်တယ်။ ပြီးရင် ရဲ။ သူစစ်ပြီးမှ လဝကကိုရောက်တာ။ အဲ့မှာမှ အဆင့်ဆင့်ဆက်လုပ်ရတာ။ အဲ့ဒီတော့ စာအုပ်လုပ်တာလည်း ကြာချိန်ရှိသွားတာပါ။ ဒီကာလမှာတော့ CDM လုပ်ထားတဲ့ သူတွေလာမလုပ်သင့်ဘူး။ တချို့ဆို ကျောင်းဆက်မတက်တာ ကျောင်းသားအရွယ်ဖြစ်ဖြစ် တက္ကသိုလ်အရွယ်ဖြစ်ဖြစ် အဲ့လိုဆို ကိုးတန်းအောင်လို့ပဲဖြည့်ပါ။ ဒါမှမဟုတ်လည်း အွန်လိုင်းစီးပွားရေးလုပ်နေတယ်လို့ပဲဖြည့်ပါ။ ရုံးမှာရော အပြင်မှာရောက ငွေပေးပြီးလုပ်လို့ရတဲ့သူတွေကတော့ ရှိနေတာပဲ။ တချို့ကလည်း ကျေကျေနပ်နပ်ကိုလုပ်ကြတယ်။ တချို့ကလည်း မလုပ်မဖြစ်လို့လုပ်ရတယ်။ ဒါတွေက ရှိနေတာပဲ။ ဒါပေမယ့် ဒီကာလကိုအခွင့်ကောင်းယူပြီး လုပ်စားတဲ့သူပိုများလာတာတော့ရှိတာပေါ့။” ဟူ၍ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ပတ်စပို့လုပ်ရာ၌ တွေ့ကြုံရနိုင်သည်များကို ပြောသည်။

စစ်အာဏာသိမ်းသည့်ကာလအတွင်း ပြည်တွင်း၌ အခွင့်အလမ်းရရှိမှုနည်းပါးခြင်း၊ စီးပွားရေးအခက်အခဲများကြုံတွေ့ခံစားရခြင်း ဖြစ်လာသည့်အလျှောက် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူများလည်းရှိသလို၊ ပညာရေးကောင်းမွန်သောနိုင်ငံများတွင် ဆက်လက် သင်ယူလိုသည့် ကျောင်းသားလူငယ်များလည်းပေါများလာပြီး လုပ်ခလစာမြင့်မားသည့် နိုင်ငံများတွင်လည်း အခြေခံမှအစ ပညာရှင်အထိ အလုပ်ချိတ်ဆက် လုပ်ကိုင်မည့်သူများလည်း ရှိလာကြသဖြင့် အများစုမှာ အချိန်မီ နိုင်ငံရပ်ခြားသို့ထွက်ခွာနိုင်ရန် ပတ်စပို့စာအုပ်ကိုင်ဆောင်ထားရေးအတွက် ကြိုတင်ကြိုးပမ်းထားရခြင်းဖြစ်ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s