မြင်းမူတွင် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသော ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်ဖျားဇရပ် အနီးတွင် ရဲနှင့် ပျူစောထီးအဖွဲ့များ လိုက်ပါလာသော ကား ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့​ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F က သတင်းထုတ်ပြန်သည်။

ရဲနှင့် ပျူစောထီးအဖွဲ့များ လိုက်ပါလာသာ အဆိုပါ ကားသည် စစ်ကိုင်း ရဲသင်တန်းကျောင်းမှ ထွက်လာခြင်းဖြစ်ပြီး Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နှင့် PEOPLE REVOLUTION FORCE P.R.F တပ်ဖွဲ့တို့က မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကာ ရဲနှင့် ပျူစောထီး အဖွဲ့ဝင် ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s