မြဝတီခရိုင်တွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ ရွှေအေးမြိုင်ကျေးရွာ(ဥကရစ်ထစခန်းအနီး)မှာ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီလောက်က  စစ်ကောင်စီတပ်နဲ့ အထူးကွန်မန်ဒို VENOM စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့  VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၄၄ စစ်ကြောင်း နဲ့ VENOMစ စ်ကြောင်းတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ VENOM စစ်ကြောင်းကို  လာရောက်အားဖြည့်ပေးခဲ့တဲ့ တပ်ဖွဲ့ဝင် ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ၊ VENOM စစ်ကြောင်းဘက်မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက် နေ့လယ်က  စတင်ပြီး သုံးထပ်ကွေ့ အနီး သောင်ရင်းမြစ်ဘက်အခြမ်းမှာ နယ်မြေကျူးကျော်ဝင်ရောက်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာ စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၂ တပ်ရင်းက  ဗိုလ်ကြီး တယောက်နဲ့ အခြားအဆင့်တယောက် သေဆုံးပြီး၊  ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားခဲ့ကြပြီး ကော်ဘရာ စစ်သည်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၈ ရက်က မြဝတီ – ဝေါလေ ကားလမ်းမ၊ သုံးထပ်ကွေ့အနီးက တောင်ကြောတွေပေါ်ကို ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သလို ကော်ဘရာစစ်သည်တယောက် အသက်ပေးလှူခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s