မြ၀တီ-ဝေါ်လေ ကားလမ်း၊ သုံးထပ်ကွေ့အနီးတိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂ ဦးသေ၊ ပြည်သူ့ရဲဘော် ၁ ဦး ကျဆုံး၊ ဥကရစ်ထစခန်းအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေပြီး ပြည်သူ့တပ်သား ၁ ဦးကျဆုံး

ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ ကားလမ်း၊ သုံးထပ်ကွေ့ အနီးတွင် အကြမ်း ဖက်စစ်တပ်နှင့်ကော်ဘရာစစ်ကြောင်းတို့ နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးကြောင်း၊ ကော်ဘရာစစ် ကြောင်းဘက်မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။
မြဝတီ – ဝေါ်လေ ကားလမ်းမ၊ သုံးထပ်ကွေ့အနီးရှိ တောင်ကြောများပေါ်သို့ နေ့စဉ်ရက်ဆက် ကျူးကျော်ရန် ကြိုးစားနေသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကော်ဘရာစစ်ကြောင်းတို့ ယမန်နေ့ (ဇူလိုင်၂၈) ရက်နေ့က တိုက် ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၂)ဦး အပြင်းအထန် ဒဏ် ရာ ရရှိခဲ့ကာ ဆုတ်ခွာသွားခဲ့ကြပြီး ကော်ဘရာစစ်သည်တော် တစ်ဦး နိုင်ငံတော်နှင့် ပြည်သူအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင် ၂၉ ရက်နေ့ နေ့လည်ပိုင်းမှ စတင်၍ သုံးထပ်ကွေ့ အနီး သောင်ရင်းမြစ်ဘက် အခြမ်းတွင် နယ်မြေကျူးကျော်ရန် ကြိုးစားနေသော အကြမ်း ဖက်စစ်ကောင်စီနှင့် ကော်ဘရာ စစ်ကြောင်းတို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၂ မှ ဗိုလ်ကြီး တစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီး အခြားအဆင့် (၂)ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ဆုတ် ခွာ သွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဇူလိုင်၂၉ရက် ညနေ၄နာရီအချိန် ဥကရစ်ထစခန်းအနီး ရွှေအေးမြိုင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီလက်အောက်ခံ တပ်မ၄၄စစ်ကြောင်းနှင့် VENOMစစ်ကြောင်းတို့ ကြား၂ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ VENOM စစ်ကြောင်းကို လာရောက်အားဖြည့်ပေးသော စစ်ကြောင်းတစ်ခုမှ ရဲဘော်၁ဦးကျဆုံးခဲ့ပြီး ၊ VENOM စစ်ကြောင်းမှ ရဲဘော် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း VENOM စစ် ကြောင်းက သတင်းထုတ်ပြန်သည်။ khit thit