ရေဖြူမြို့နယ်ရှိ ကျေးရွာတချို့ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ကျေးရွာ တချို့ကို ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် စစ်ကောင်စီက စစ် ကြောင်းထိုး ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ပြီး နောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ် ဧကနီနှင့် ခမောင်းချောင်းရွာတို့ကို စစ်ကောင်စီက စစ်ကား ခြောက်စီးနှင့် စစ်ကောင်စီ တပ်သား အများပြားဖြင့် သေနတ်ပစ်ဖောက် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ရွာသားတချို့ သေနတ်ထိမှန်ကာ ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
ရေဖြူမြို့ခံ တစ်ဦးက”စစ်တပ်က ရွာထဲ အာရုံတက်ချိန်မှာ ဝင်လာတဲ့ အချိန်ကစပြီး သေနတ်နဲ့ ရမ်းပစ်တယ်၊ ရွာခံ တချို့ ဖမ်းခံထားရပြီး သေ နတ်နဲ့ ပစ်ခံရတဲ့သူတွေလည်း ရှိနေတယ်၊ အခုဆို ရွာထဲမှာ လူတွေ မနေရဲတော့လို့ ထွက်ပြေးတိမ်းရှောင်နေရတယ်”ဟု ပြောသည်။
ထိုအပြင် အခုလို စစ်ကောင်စီက ရွာကို အကြမ်းဖက်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံပြည်သူများ၏ နေ အိမ်များကို ဝင်ရောက်ကာ ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းများကိုလည်း ဖောက်ထွင်း ခိုးယူမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။
ယင်း နောက် နံနက် ၆နာရီခန့် အချိန်တွင် စစ်ကောင်စီ ဘက်က လက်နက်ကြီး /ငယ်များ ဆက်တိုက် ပစ်ခတ်သံများ ပြုလုပ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ပြန်လည်တိုက်ခိုက်ခဲ့၍ နှစ်ဖက် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံ မှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် ဧကနီနှင့် ခမောင်းချောင်း အပါဝင် ရွာ ငါးရွာ နီး ပါးက ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း သိရ သည်။
လက်ရှိ အချိန်အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေ၍ ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ် ထိမှန်သူနှင့် ဖမ်းဆီးခံရသူများ ဦးရေကိုမူ အတိအကျ မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။ mizzima