ရှမ်းပြည်နယ်မှာ SSPP နဲ့စစ်ကောင်စီတပ် စစ်ရေးတင်းမာနေ

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး နှစ်ဘက် စစ်အင်အားဖြည့်တင်းမှုများ အလွန်များပြားနေကြောင်းသတင်းရရှိသည်။

စစ်ကောင်စီနှင့် SSPP တို့ ကျေးသီးမြို့နယ်တွင် ဇူလိုင်လ ဒုတိယပတ်ကပြုလုပ်ခဲ့သောတွေ့ဆုံဆွေးနွေးမှုများအပြီးတွင် SSPP ၏တပ်စခန်းများကိုဆုတ်ရန် စစ်ကောင်စီကရာဇသံပေးခဲ့ပြီးနောက်ထိုကဲ့သို့စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်မှ မိုင်းရှူးမြို့နယ်အတွင်းတွင် သံချပ်ကာကားများကိုပါပို့ဆောင်ထားပြီး အဝင်အထွက်လဲအလွန်တင်းကျပ်စွာစစ်ဆေးနေကြောင်း မိုင်းရှူးဒေသခံတစ်ဦးကပြောသည်။

“အရင်၂၅ ရက်နေ့လောက်ကမြို့ထဲကို သံချပ်ကာကား သုံးစီးရောက်လာတာကိုတွေ့တယ်၊ကျွန်တော်တို့တော့ကြောက်တာပေါ့၊အဝင်အထွက်လဲ အရမ်းစစ်တယ်၊အခုထိတော့အခြေအနေကြည့်ကျတုန်းပဲ။ မြို့ထဲကသူတွေတော့မပြေးကြသေးဘူး” ဟုပြောပါသည်။

မိုင်းရှူးမြို့နယ်ရှိ SSPP ဌာချုပ်ဝမ်ဟိုင်းသို့ ဇူလိုင်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်မှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ်နှင့် တြိဂံတိုင်းစစ်ဌာနချုပ်တို့မဗ တိုင်းမှူး သုံးဦးအထိလာရောက်ခဲ့သည်ဟု ဒေသတွင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

တန့်ယန်းမြို့နယ်အတွင်းသို့လည်း ယမန်နေ့ဇူလိုင်လ ၂၈ ရက်နေ့ညက လားရိူးဘက်မှ စစ်ကောင်စီတပ်သား များပါဝင်သည့် ကားလေးစီးဖြတ် သန်းသွားသည်ကိုဒေသခံများကမြင်တွေ့ရကြောင်းပြောသည်။

တန့်ယန်းမြို့နယ်အတွင်း ဝတပ်ဖွဲ့ UWSA ကပါစစ်ရေးပြင်ဆင်နေသည်ဟုပြောဆိုနေကြမှုနှင့်ပတ်သက်၍ UWSA ပြောရေးဆိုခွင့်ရှိသူကိုဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ဇူလိုင်လ ပထမပတ်တွင် စစ်ကောင်စီတပ်နှင့် SSPP တို့ မိုးမိတ်မြို့နယ်အတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s