လှည်းကူးတွင် ယမန်နေ့ ပစ်သတ်ခံလိုက်ရသော ခမရ ၇၀၉ မှ တပ်ထောက်ဗိုလ်ကြီးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ကျောင်းဆင်း အသက် ၃၁ နှစ်အရွယ် ဗိုလ်ကြီးအောင်ခန့်မင်းဖြစ်၊ တပ်လစာ သိန်း ၂၀၀ ကျော်ပါသွား၍ စစ်သားများ လစာမရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် တပ်လစာများ ထုတ်ယူလာသော ခမရ ၇၀၉ မှ တပ်ထောက်ဗိုလ်ကြီး အောင်ခန့်မင်း ပစ်ခတ်ခံရပြီး သေ ဆုံးသွားကာ တပ်လစာ ငွေကျပ် သိန်း ၂၀၀ ကျော်ကို သေနတ်သမားများက ယူဆောင်၍ စစ်သားမျာ လစာမရကြောင်း သိရှိရသည်။
အသက် ၃၁ နှစ်အရွယ် စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ကျောင်းဆင်း ဗိုလ်ကြီး အောင်မင်းခန့်သည် ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန် လှည်းကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၊ လှည်းကူး-ဖောင်ကြီး ကားလမ်းဘေး ဖိုးလပြည့်ဓာတ်ဆီဆိုင်တွင် ဆီဖြည့်နေစဉ် သေနတ်သမား ၂ ဦးက ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ထုတ်ယူလာသော လစာ သိန်း ၂၀၀ ကျော်ကိုလည်း သေနတ်သမားများက သိမ်းဆည်းသွားသဖြင့် တပ်အ တွင်းမှ တပ်မိသားစုများ လစာမရကြောင်း သိရှိရသည်။
ဗိုလ်ကြီးအောင်မင်းခန့်ကို သေနတ်သမားက ၃ ချက်ပစ်ခတ်ပြီး အောက်မေးစေ့ပေါက် သွေးထွက်ဒဏ်ရာ ၁ ချက်၊ ဂုတ်ပေါက် သွေးထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ဦးခေါင်းပေါက် ဒဏ်ရာ ၁ ချက်တို့ဖြင့် ဗိုလ်ကြီးအောင်မင်းခန့် ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit