သေဒဏ်စီရင်ခံရသော လှမျိုးအောင်အတွက် တုံ့ပြန် စစ်ဆင်ရေးအဖြစ် အင်းစိန်ထောင် ဝန်ထမ်းအိမ်ရာအတွင်းရှိ စစ်တပ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကမာရွတ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာတွင် ဗုံးများပေါက်ကွဲ

သေဒဏ်စီရင်ခံရသော လှမျိုးအောင်အတွက် တုံ့ပြန် စစ်ဆင်ရေးအဖြစ် အင်းစိန်ထောင် ဝန်ထမ်းအိမ်ရာအတွင်းရှိ စစ်တပ်ကို ဗုံးဖြင့် ယနေ့ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးအဖွဲ့Toxic Boysမှ ရဲဘော်တစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဘုရင့်နောင် လမ်းမကြီးဘေး မင်းစေတီမှတ်တိုင် မျက်နာချင်းဆိုင်ရှိ အင်းစိန်အကျဥ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို Toxic Boys က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် Operation Hla Myo Aung အဖြစ် တိုက်ပွဲဖော်ဆောင်ခဲ့ပြီး ကြိုးမိန့်ပေးခံခဲ့ရသော တော်လှန်ရေးသူရဲကောင်းများအတွက် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိတော့ ကားလမ်းပိတ်ပြီးစစ်နေတယ်။အသီးနှစ်လုံးနဲ့ဝင်ထုခဲ့တာပါ” ဟု Toxic Boys တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

အလားတူ ကမာရွတ်မြို့နယ်တွင် ယနေ့ည ၈ နာရီဝန်းကျင်အချိန်၊ မြောက်ဒဂုံတွင် ယနေ့ည ၇ နာရီ ၄၀ မိနစ်အချိန်၊ လှိုင်သာယာတွင် ညနေ ၆ နာရီခွဲအချိန်တို့တွင် ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s