ဥကရစ်ထစခန်းအနီး လူနာပို့သည့် စစ်ကောင် စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊  ဥကရစ်ထစခန်းအနီးမှာ  လူနာပို့ဆောင်ဖို့  စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို  KNLA ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၈ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၈ ဦး သေဆုံးသွားတယ်လိ့ KNLA သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေကို  မြဝတီမြို့နယ် သင်္ဃန်းညီနောင်စစ်ဆေးရုံသို့ ပို့ဆောင်ဖို့ စစ်ကြောင်းထိုးလာစဉ်  KNLA ပူးပေါင်းတပ်ဖွဲ့တွေက  စနိုက်ပါနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ 

ဇူလိုင် ၂၉ ရက် ဒီမနက်  ၇ နာရီလောက်မှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကို ထပ်မန် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီလောက်မှာလည်း  လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။  

မြဝတီမြို့တောင်ဘက် သုံးထပ်ကွေ့မှာလည်း ဗိုလ်ဒဘောအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ကြိုးကြားကြိုးကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်အ ခြေအနေ တင်းမာနေတယ်လို့ KNLA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဇူလိုင် ၂၈ ရက် မနက် ၇ နာရီလောက်ကလည်း ကော့ကရိတ်တောင်ဘက် မာနယ်ကုန်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်နေစဉ် KNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပြီး ပူးပေါင်းတပ်ဘက်ကတော့ မရှိခဲ့ဘူးလို့  KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း တပ်မဟာ ၇ ခုရှိတဲ့အနက် တပ်မဟာ ၁၊ ၅ နဲ့ ၆ တို့မှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေပြီး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ကစောဝါးလေးနဲ့ သုံးထပ်ကွေ့မှာလည်း နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s