ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း နေအိမ်တွင်သေနတ်ဖြင့် ပစ် ခတ်ခံရ

ဦးသိန်းစိန်အစိုးရလက်ထက်က ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအားဆီသည် ယမန်နေ့ညက မြစ်ကြီးနားမြို့ရှိ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ လီဆူတိုင်းရင်းသားယဉ်ကျေးမှုဥက္ကဋ္ဌလည်းဖြစ်သူ ဦးအားဆီမှာ ၎င်း၏နေအိမ်ရှေ့ တွင် လူငယ်နှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်းခံခဲ့ရပြီး စိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“အပြင်ကပြန်လာတာ ခြံတံခါးဖွင့်ဖို့လုပ်နေတုန်း ဆိုင်ကယ်စီးပြီးရောက်လာတဲ့ လူနှစ်ဦးက သေနတ်နဲ့ ပစ်သွားတာ။ ပစ်သွားတဲ့လူနှစ်ဦးက လူငယ်အရွယ်လေးတွေဆိုတာလောက်ပဲ မြင်လိုက်ရတယ်။ အခါ တိုင်းလည်း အိမ်ရှေ့ကနေ KTV လာတဲ့လူငယ်တွေက ဆိုင်ကယ်တွေနဲ့ဖြတ်နေကြဆိုတော့ အဲဒီဘက်ကို သွားတယ်လို့ဘဲထင်ထားတာ။ သူ့ကို သေနတ်နဲ့ငါးချက်လောက်ပစ်သွားတာ တစ်ချက်ပဲထိသွားတယ်။ အခုတော့ အခြေအနေကစိုးရိမ်နေရတုန်းပဲ”ဟု အမည်မဖော်လိုသည့် မျက်မြင်တွေ့ရှိသူတစ်ဦးကပြော သည်။
ပစ်ခတ်ခံရမှုကြောင့် ဦးအားဆီ၏ ကျောကုန်းယာဘက်အလယ်မှ ဖောက်ဝင်သွားသည့် စိုးရိမ်ရဒဏ်ရာ တစ်ချက်ရရှိသွားပြီး လက်ရှိအချိန်တွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ဦးအားဆီသည် ကြံခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး လီဆူဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းနှင့်လည်း အထူးရင်း နှီးသည့်ဆက်ဆံရေးရှိကာ ဝိုင်းမော်မြို့အခြေစိုက် လီဆူ(ဝူယန်)ဌာနေပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန်ကြိုး ပမ်းနေမှုတွင် ပါဝင်နေသူတစ်ဦးလည်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကဆိုကြ သော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပေ။ mizzima