ကနီမြို့နယ် မြွေပိုင်းတောင် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့ မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တတ်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စု နှင့် ဒေသခံပြည်သူ ကာ ကွယ်ရေးတပ်ဖွဲ့များသည် ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၅ ဦးခန့်သေဆုံး၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း DRPA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။

“ကနီမြို့နယ် မြွေပိုင်းတောင်က ရေလမ်းကြောင်းကျဉ်းပြီး တောင်ထိပ်ကနေ အသာစီး အနေအထား နဲ့ဆိုတော့ အင်မတန်ကောင်းတဲ့နေရာ တစ်ခုပါ။ ကျွန်တော်တို့က မြွေပိုင်းတောင်ပေါ်မှာ နေရာယူပြီး လက်နက်ကြီး ၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်ခဲ့ ကြတာဖြစ်ပါတယ်။ တိုက်ပွဲကြာချိန် ကတော့ နှစ်နာရီ လောက်ရှိပါမယ်။ ကနီ ဆေးရုံ နဲ့ နီးစပ်တဲ့ နယ်ခံတွေရဲ့ သတင်းပေးမှု အရ စစ်ကောင်စီတပ်သား ၂၅ ဦးလောက် သေဆုံး တယ်လို့ သိရတယ် ” ဟု DRPA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။

အဆိုပါတိုက်ပွဲတွင် DRPA ၊ Independence Army (IA)၊ KGF ၊ KCDRF နှင့် KPDF (1) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s