ဂန့်ဂေါမြို့နယ်၌ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲတပ်သား ၃ ယောက်ကို PDF-GANGAW- တောင်ပိုင်း ရဲဘော်တွေက ဇူလိုင် ၃၀ ရက်မှာ သွားရောက် ပစ်ခတ်ခဲ့ကြတယ်လို့  PDF ဂန့်‌ဂေါတောင်ပိုင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တပ်ဖွဲ့ဘက်က ချောင်းမြောင်းပစ်ခတ်ခဲ့တာ ရဲ နှစ် ဦး ကျသွားတယ်။ ရဲ တယောက်က‌တော့ နံကြားကို သေနတ်မှန်ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်”

ပစ်ခတ်မှုအပြီး ရဲစခန်းအတွင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ PDF-GANGAW-တောင်ပိုင်းရဲဘော်တွေ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာ နိုင်ခဲ့တယ်လို့ဆိုပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီကဂန့်ဂေါနယ်ကို အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး သ‌တင်းအမှောင်ချထားတာ ၁၁ လဝန်းကျင်ရှိပြီလည်းဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s