ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Kubota နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၂ ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး

ရန်ကုန်တိုင်း၊ တောင်ဒဂုံတွင် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၂ ဦးကို စစ်တပ်က ယနေ့ အကြမ်းဖက်ဖမ်းဆီးကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ဂျပန်နိုင်ငံသား ၁ ဦး အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၃ ဦးကို စစ်တပ်က ယနေ့ အ ကြမ်းဖက် ဖမ်းဆီးသွားကြောင်း ၊ဒဂုံမြို့သစ်တောင်ပိုင်းတွင် စစ်တပ် ဆန့်ကျင်ရေးဆန္ဒပြသူများကို စစ်တပ်က pro box အိမ်စီးကားဖြင့် ရုတ်တရက် အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း၊ ဂျပန်နိုင်ငံသား Kubota ၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း Yangon Drone က သတင်းထုတ်ပြန်သည်။

ဂျပန်နိုင်ငံသား Kubota နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ကို ကင်မရာတစ်လုံး၊ ဘန်နာ ပိတ်စတစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိသွားကြောင်း၊ ယခုအချိန်အထိဖမ်းဆီးရမိသူများနှင့်ဆက်သွယ်မှုပြတ်တောက်နေပြီး ထိုသူအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း၊ ထိခိုက်မှုတစုံတရာရှိလာခဲ့လျှင် စစ်တပ်တွင်သာတာဝန်အပြည့်အဝရှိမည်ဖြစ်ကြောင်း Yangon Drone က ဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s