မကွေးတိုင်း၊ ကျောမြို့ရှိ စစ်တပ်လက် အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ် ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ Non-CDM အရာရှိများ နှင့်ဝန်ထမ်းများအားလုံး ပျောက် ဆုံးနေ

မကွေးတိုင်း၊ ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံမှ အ ရာရှိနှင့်ဝန်ထမ်းများ ပျောက်ဆုံးနေကြောင်း မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့ လုပ် ငန်းMOGE သတင်းရပ်ကွက်ထံမှ သိရှိရသည်။
မကွေးတိုင်းနှင့်ကျောမြို့ပေါ်သို့သဘာ၀ဓာတ်ငွေ့သုံး အင်ဂျင်များဖြင့် လျှပ် စစ် မီးဖြန့်ဝေနေသည့် စက်ရုံသည် လုံး၀ စက်ရုံ ရပ်ဆိုင်းသွားသည်မှာ ၃ ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ဝန်ထမ်းများအားလုံး ပျောက်ဆုံး နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပုထိုးလုံ ဓာတ်ငွေ့ လျှပ်စစ်စက်ရုံက အခု လုံးဝ Shut Down ဖြစ်တာ ၃ ရက်ရှိသွားပြီ။ နေပြည်တော်မှာ MOGE လူကြီးတွေလည်း ပုထိုးလုံ အတွက်အစည်း အဝေးတွေ လုပ်နေကြတယ်။ စစ်ကောင်စီ လက်အောက်မှာ အလုပ်ဆက် မလုပ် ဖို့ သတိပေးခံရတာ ၃ကြိမ်ရှိခဲ့တယ်ပြောတယ်။ ပျောက်ဆုံးနေပြီးတော့ အဖမ်း ခံရတယ်လို့ ယူဆရတဲ့ ဝန်ထမ်းတွေထဲမှာ ဦးမင်းအောင် (အင်ဂျင် နီယာမှူး) ၊ ထုတ်လုပ်ရေးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လည်း ပါ သွားတယ်။ ဝန်ထမ်းအရေအတွက် အတိအကျ တော့မသိရသေးဘူး။ အကုန် လုံး ပျောက်ဆုံးနေပါတယ်” ဟု MOGE သတင်းရင်းမြစ်က ပြောသည်။
အင်ဂျင်နီယာမှူးဦး မင်းအောင်သည် ရေနံများကို အရပ်ဘက် ဆီဘောက်ဆာကားများဖြင့် ခိုးထုတ် ရောင်းစားမှုများ မကြာခဏဆိုသလို လုပ် ဆောင်ခဲ့ပြီး လမ်း တွင် ဖမ်းဆီးခံရသည်ဟု သိရှိရကြောင်း၊ အရပ်ဘက်ဘောက်ဆာဖြင့် သယ်ယူ ရောင်းစားနေစဉ် လမ်းတွင်အဖမ်းခံခဲ့ရသည်ဟု သတင်းရင်းမြစ်တချို့က ပြောသည်။
“မင်းအောင်က ရေနံတွေ ခိုးယူရောင်းချပြီး ရောင်းလို့ရတဲ့ခိုးငွေတွေနဲ့ ချောက်မြို့မှာ တိုက်ဆောက်တယ်။ ကားဝယ်စီးတယ်။ နေပြည်တော် MOGE၊ ထုတ် လုပ်ရေးဌာန၊ ဒုညွှန်ကြားရေးမှူး(ဓာတ်ငွေ့) ဦးကျော်ဇင်ဖြိုးကို ရေနံရောင်းချငွေနဲ့ လာဘ်ငွေပေးတယ်။ ကျော်ဇင်ဖြိုးကလည်း Tender ကိုလည်း လာဘ်ငွေယူပြီး တင်ဒါ အောင် မအောင် ဆုံးဖြတ်တာမျိုးရှိတယ်” ဟု MOGE သတင်းရင် းမြစ်က ဆိုသည်။
ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွင် လျှပ်စစ်ဌာနဆိုင်ရာဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်း များ ပူးပေါင်း ဆောင် ရွက်ပြီး Gas Engine ၇ လုံးဖြင့်လည်ပတ်ကာ မကြာသေးမီက စစ်တပ်နှှု့်ပုဂ္ဂလိက အကျိုးတူ ပူးပေါင်း လျှပ်စစ် စတင်ထုတ်သည့် စက်ရုံလည်းဖြစ်သည်။ khit thit