မောင်းမကန်တွင် ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်စံပြကျေးရွာ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၃၀ ရက်နေ့မှာ ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ မနက်ပိုင်းမှာ ဦးရွှေသောင်းဖေ အဖမ်းခံခဲ့ရပြီးနောက် ညနေ ၆ နာရီလောက်မှာ ကိုဇော်ကြီးဆိုသူကို စစ်ကောင်စီက ထပ်မံလာရောက်ဖမ်းဆီးသွားတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက မောင်းမကန်ကျေးရွာမှာ အသက်မပြည်သေးတဲ့ ၁၆ နှစ်အရွယ် မစုပြည့်အောင် အပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

ဖမ်းဆီးခံရသူ ၈ ဦးအနက် ဒေါ်တရုတ်မကတော့‌ သားဖြစ်သူအားမတွေ့တာကြောင့် ဓားစာခံအနေနဲ့ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဒေါ်စန်းမြင့်ဆိုသူကတော့ လူမှားအဖမ်းခံရတဲ့အတွက် နောက်ရက်မနက် ပြန်လွတ်လာတယ်လို့ ရွာခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို မောင်းမကန်နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မောင်းမကန်ရွာမှာ ဇူလိုင် ၂၅ ရက်နေ့ မနက် ၁ နာရီလောက်ကလည်း မောင်းမကန်နယ်မြေရဲစခန်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဦးဇော်ဝင်း ဆိုသူအား PDF ကို ထောက်ပံ့တယ်ဆိုပြီး နေအိမ်မှာ­  ပစ်သတ်ခဲ့ပါသေးတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s