သမိုင်း စစ်တပ်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံအနီး ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ် ခတ်၊ အင်းစိန်၊ စမ်းချောင်း၊ ကျောက်တန်း၊ မြောက်ဒဂုံ၊ လှိုင်သာယာတို့တွင် ဗုံးပေါက်ကွဲမှုများနှင့်ဗုံးတွေ့ရှိမှုများ ဖြစ်ပွား

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်အနီး သမိုင်းစစ်တပ်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံအနီးတွင် ယနေ့ည ၉ နာရီ ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဘုရာလမ်းတပ်မ​​​​ တော်ချည်ထည်စက်ရုံနားမှာ ဗုံးကွဲတယ်။ အသံကတောအရမ်းမကျယ်ဘူး။ ဒီည ၉နာရီလောက်က စစ်ခွေးတွေ ပတ်နေတယ်။ အခု စစ်တပ်ဝင်းရှေ့မှာ ရပ်နေကြတယ်။ ဆေးရုံကားလည်း ကြားရတယ်။ သေနတ်ပစ်သံလည်းကြားရတယ်။ ခွေးတွေပစ်တာလို့ထင်တယ်။ လှိုင် အားကစားရုံ တပ်ဆွဲထားတဲ့နေရာက လှမ်းပစ်လိုက်ပုံပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မြောက်ဥက္ကလာပတွင်လည်း ယနေ့ည ၉ နာရီ ၂၅ မိနစ်အချိန်တွင် ဗုံးကွဲသံ နှစ်ကြိမ်ကြားရကြောင်း ၊ အလုံ မြို့နယ်တွင်မူ ည ၉ နာရီ ၁၄ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသံကြားရကြောင်း သိရှိရသည်။

ထို့ပြင် အင်းစိန်တွင် ယနေ့ည ၉ နာရီ ၂၇ မိနစ်အချိန် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရသည်ဒေသခံများက ဆိုသည်။

အင်းစိန်ဒေသခံတစ်ဦးကမူ ” ဒီည ၈ နာရီ ၁၈ မိနစ်အချိန်လောက်က အင်းစိန် စော်ဘွားကြီးကုန်း ပန်ချာပီရေကန်နားမှာ သေနတ်သံ လေးငါးချက်လောက်ကြားရသေးတယ်။ ရပ်ကွက်ဆိုရင်တော့ တောင်သူကုန်းနဲ့စော်ဘွားကြီးကုန်းအလယ်လောက်မှာပါ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်တွင် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင်လည်းကောင်း၊ မြောက်ဒဂုံတွင် ယနေ့ည ၉ နာရီ ၂၄ မိနစ်အချိန်တွင်လည်းကောင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ကျွန်းတောမြောက်ရပ်ကွက်၊ ဗဟိုလမ်း၊ ဂွစျေး၊ စျေးခေါင်းရုံးဘေးတွင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတွေ့ရှိခဲ့ရကြောင်း၊ လှိုင်သာယာမြို့ နယ်၊ ရန်ကုန်- ညောင်တုန်းလမ်း တန်ပိုစစ်ဆေးရေးဂိတ်၊နှင့် ကျောက်တန်းမြို့နယ်၊ မြိုင်သာယာ အခြေခံပညာအထက်တန်း ကျောင်း ရှေ့တွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးနှစ်လုံးကိုဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တွေ့ရှိရကြောင်း သိရှိရသည်။

စမ်းချောင်း၊ ဂွစျေးတွင်တွေ့ရှိရသည့် ဗုံးသည် Mother & Son အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ပြီး စျေးစည်ပင်သာယာသည် စျေးသည်များနှင့် ပြည်သူများကို မတရားအခွန်တောင်းခံခြင်းနှင့်ဖိနှိပ်နေခြင်းကြောင့်ဖြစ်သည်ဟု အဆိုပါအဖွဲ့မှ ဗိုလ်နိုင်က ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s