အမေရိကန် ဝါရှင်တန်ဒီစီ၊ မေရီလမ်း၊ ဗာဂျီးနီးယားပြည်နယ်တို့တွင် အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပတ်သက်မှုများ မရပ်တန့်လျှင် နာမည်နှင့်တကွ Social Punishment ကို ပြင်းထန်စွာ ပြုလုပ်မည်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီလမ်း၊ ဗာဂျီးနီးယားပြည်နယ်များတွင် လူသတ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အပေးအယူသင့်ပေါင်းသင်းနေသော မြန်မာများ ရှိနေပြီး ယင်းလုပ်ရပ်ကို မရပ်တန့်လျှင် နာမည်နှင့်တကွ ဥပဒေဘောင်အတွင်းမှ ဖော်ပြကာ Social Punishment ကို ပြင်းထန်စွာ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက်မြန်မာအဖွဲ့အချို့က ကြေညာချက်ထုတ်ပြန်သည်။

Anti Dictatorship in Burma-DC Metro Area, အလင်းရောင်လူငယ်များ – Light Of Youth Myanmar, Chin Community of USA, Inc. – D.C Area, ဓမ္မဘက်တော်သားပြည်သူများ အဖွဲ့တို့က ကြေညာချက်အမှတ် (၁/ ၂၀၂၂)၊ ဇူလိုင်လ ၃၀ ရက် ရက်စွဲဖြင့် အထက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံသတ်သမားများဖြစ်ပြီး ထိုသူများနှင့် ပတ်သက်နေသေးသူများ၊ မိတ် ဆွေဖြစ်နေသေးသူများသည်လည်း လူသတ်အားပေးများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ် သတ်ဖြတ်နေသော ထိုမိစ္ဆာများ၊ မိစ္ဆာမိတ်ဖက်များမှာ လူ့အသိုင်းအဝိုင်းတွင် နေထိုင်သူများ မဟုတ်သောကြောင့် ပြတ်ပြတ်သားသား လူ့အသိုင်းအဝိုင်းကြားမှ ဖယ်ရှားပစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော်လည်း ယခုကာလတွင် ဝါရှင်တန်ဒီစီ၊ မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်များတွင် လူသတ်မိစ္ဆာများနှင့် တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အပေးအယူသင့် ပေါင်းသင်းနေသော မြန်မာများ ရှိနေသည်ကို စိတ်မချမ်းသာစွာနှင့် ရွံရှာစွာ တွေ့မြင်နေရကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် လူသတ်မိစ္ဆာဝါဒသမားများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ဖယ်ထုတ်ကြဖို့ လိုအပ်ပြီး မိမိဆွေမျိုးအသတ်ခံရမှ၊ မိမိအိမ်မီးရှို့ခံရမှဒေါသမထွက်ပြပါနှင့်၊ မိမိတစ်အိမ်ကျော်တွင် လူသတ်ပြီး မီးရှို့ခံနေရပါသည်ဟု ကြေညာချက် ထုတ်ပြန်ကာ မြန်မာပြည်သူများကို အသိ သတိပေးထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s