ကမာရွတ်နှင့်ပုဇွန်တောင်တို့တွင် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်ဆန္ဒပြုသူ လေးဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း ကမာရွတ်နဲ့ ပုဇွန်တောင်မြို့နယ်တို့မှာ ဒီကနေ့ မနက်ပိုင်းက လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်ကာ သံပုံးတီးသူတွေနဲ့ ကားဟွန်းတီးသူ လေးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အဆိုပါမြို့နယ်နေသူတွေက ပြောပါတယ်။

ကမာရွတ်မြို့နယ် ၃ ရပ်ကွက်၊ ပေ ၅၀ လမ်း (စျေးလမ်း) မှာရှိတဲ့ စျေးသည်လင်မယားနှစ်ဦးအပါအဝင် သုံးဦးကို သံပုံးတီးလို့ဆိုကာ စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို  ပြောပါတယ်။

“ငါးရောင်းတဲ့ လင်မယားကို လက်ကိုကော်ကြိုးတွေနဲ့တုပ်ပြီး ဖမ်းသွားတယ်၊ အရက်မူးပြီး သံပုံးတီးတဲ့ ဦးလေးကြီးကိုတော့ လက်ထိတ်ခတ်ပြီး ခေါ်သွားတယ်။” 

အလားတူ ပုဇွန်တောင်မြို့နယ် အမှတ် ၈ ရပ်ကွက် ဇီဇဝါလမ်းနဲ့ မြောင်းကြီးလမ်းထောင့်မှာ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်ကာ ကားဟွန်း မနားတမ်းတီးခဲ့တဲ့ လူငယ်တဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြောင်းကြီးလမ်းမှာနေတဲ့ ကိုစိုးနိုင်ဦး သူက Taxi မောင်းတာ၊ ကားဟွန်းတီးတဲ့အချိန် လှည့်ကင်းကားက လာပြီးဖမ်းသွားတာ။”

အလားတူပင် လှိုင်မြို့နယ် အမှတ် ၇ ရပ်ကွက်မှာ လမ်းသွားလမ်းလာပြည်သူအချို့ကို ဒီကနေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့  မြို့ခံတွေရဲ့ ပြောပြချက်အရသိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲမှာ ပြည်သူတွေ ပါဝင်လာမှာ ကိုသိတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ ရန်ကုန်က မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ထားတာ ကို တွေ့ရပါတယ်။

နိုင်ငံတဝန်း မြို့နယ်အတော်များများနဲ့ တော်လှန်ရေးနယ်မြေတွေမှာလည်း လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s