စစ်ကိုင်းတိုင်းအတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းမှ သိန်း ၂၇၀၀၀ ကျော် စံချိန်တင်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ကျပ်သိန်းပေါင်း ၂၇,၇၀၀ ထိ စံချိန်တင်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကမ်ပိန်းကတဆင့် ရက်ပေါင်း ၃၀ အတွင်း ကျပ်သိန်းပေါင်း ၁၅,၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ လျာ ထားမျှော်မှန်းငွေထက် ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

“ဇူလိုင် ၂၆ ရက်နေ့ ပရောဂျက်ပြီးကတည်းက နေ့တိုင်းလာမေးကြတယ်။ ဘယ်လောက်ရသွားလဲတဲ့။ စစ်ကိုင်းအပေါ်ထားတဲ့ ပြည်သူတွေရဲ့စေတနာကြောင့် စစ်ကိုင်းပွဲဟာ ရာခိုင်နှုန်း ၁၈၅ ဖြင့် အောင်မြင်ကျော် လွန်ခဲ့ပါတယ်။ မူလက ရည်မှန်းထားတာ သိန်း ၃၀၀၀၀ ပါ။ ပြည်သူတွေ ငွေပမ်း၊ လူပမ်းနေကြတာကြောင့် Phase [1] နဲ့ Phase [2] ခွဲပြီးရှာမယ် ရည်ရွယ်ခဲ့တာ။ စေတနာမှန်သော ကံအကြောင်းတရားကြောင့် Phase [1] တစ်ခုနဲ့တင် သိန်းပေါင်း ၂၇၇၀၀ ထိရရှိခဲ့ပါပြီ။ သိန်း ၃၀၀၀၀ ပြည့်ဖို့ သိန်း ၂၂၀၀ ပဲလိုပါတော့တယ်။”

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီး မှုတွေက များပြားလာနေတာပါ။

ဒါကြောင့်မို့ ဒီဒေသအတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို  ပြီးခဲ့တဲ့ ဇွန် ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇူလိုင် ၂၅ ရက်အထိ ရက် ၃၀ ကာ လ အတွင်းမှာ Phase 1 အနေနဲ့ သိန်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း ပြည်သူ့ဘက်တော်သား အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ မြနှင်းရည်လွင်စတဲ့ အနုပညာရှင်တွေပါဝင်တဲ့ ပြည်သူ့အောင်ပွဲ – တော်လှန်ရေး စကားဝိုင်းကို ပြုလုပ်ခဲ့ပြီး တော်လှန်ရေးပရောဂျက်မစ်ရှင်တိုင်းကို တာဝန်ကျေတဲ့ ပြည်သူအယောက်စီတိုင်းနဲ့ သူတို့ချစ်တဲ့ အနုပညာရှင်၊ Social influencer တွေနဲ့ ပြည်သူတွေကြား “ခွန်အားပေး၊ ခွန်အားယူရင်း” မေးချင်တဲ့ မေးခွန်းလေးတွေ၊ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းပရောဂျက်အတွက် ဒီကမ်ပိန်းမှာလည်း စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတြေး လျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ် စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နေတဆင့် ပေးပို့ကူညီသွားမယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s