စစ်ကောင်စီတပ်က ရုရှထုတ် လေယာဉ် အသုံး ပြုပြီး အရပ်သားများကို တိုက်ခိုက်ခဲ့ဟု အစီ ရင်ခံစာတွင် ဖော်ပြ

မြန်မာအာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်အတိုက်အခံပြုသူများအပေါ် နှိမ်နင်းရန် ကြိုးပမ်းနေစဉ် မြေပြင်ပစ်မှတ်များကို တိုက် ခိုက်နိုင်စွမ်းရှိသည့် ရုရှနိုင်ငံထုတ် Yak-130 လေယာဉ်အသုံးပြုပြီး အရပ်သားပြည်သူများကို တိုက်ခိုက်ထားခဲ့ကြောင်း လန်ဒန်အခြေစိုက်အဖွဲ့တစ်ခုဖြစ်သည့် Myanmar Witness အဖွဲ့၏ အစီရင်ခံစာတွင် ထုတ်ဖော်ခဲ့သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထား သက်သေများကို စုဆောင်းသည့် Myanmar Witness အဖွဲ့က ပြောကြားရာ တွင် အဆောက်အအုံ ထူထပ်သော ဧရိယာများတွင် ပဲ့ထိန်းမဲ့ ရော့ကတ်များနှင့် ၂၃ မမ အမြှောက်များ အသုံးပြုထားခဲ့သည့် ဖြစ်စဉ်တချို့နှင့် ပတ်သက်သည့် လူမှုရေးကွန်ရက် ရင်းမြစ် စုံစမ်းစစ်ဆေးမှုများကို မှန်ကန်ကြောင်း အတည်ပြုထားနိုင်ခဲ့သည်ဟု ပြောသည်။

“ပိုင်းလော့နှစ်ဦး မောင်းနှင်ပြီး မြေပြင်တိုက်ခိုက်ရေး လုပ်နိုင်စွမ်းပါ ရုရှထုတ် အဆင့်မြင့် တိုက်လေယာဉ်အမျိုးအစားဖြစ်တဲ့ Yak-130 ကို မြန်မာနိုင်ငံမှာ အကြိမ်ကြိမ် ဖြန့်ကျက်အသုံးပြုခဲ့တယ်ဆိုတာကို Myanmar Witness က အတည်ပြုထားနိုင်ခဲ့ပါတယ်” ဟု Myanmar Witness က သောကြာနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောသည်။ “ဒီ စုံစမ်းစစ်ဆေးမှုအတွင်း လူနေထိုင်တဲ့ အရပ်သား ဧရိယာတွေအတွင်း Yak-130 လေယာဉ် အသုံးပြုထားခဲ့တယ် ဆိုတာကို ခိုင်လုံတဲ့ သတင်းတွေနဲ့ ပထဝီဝင်တည်နေရာ ခွဲခြားဖော်ထုတ်မှုတွေက ပြသနေခဲ့ပါတယ်”

မကြာသေးခင်က ဖြစ်ခဲ့သော ဖြစ်စဉ်များအနက် ပြီးခဲ့သည့်လ ဖေ့ဘွတ်ခ်ပေါ် ဝေမျှခဲ့သည့် ဗီဒီယိုထဲတွင် Yak-130 လေယာဉ်တစ်စင်းက ဖြတ်ပျံမှု နှစ်ကြိမ် လုပ်ဆောင်ပြီး မြေပြင်ဆီသို့ ပဲ့ထိန်းမဲ့ ဒုံးများ တစ်ပြိုင်တည်း ပစ်ခတ်မှုအချို့ လုပ်ဆောင်ခဲ့သည်ကို ပြသခဲ့သည်။ ဒုတိယမြောက် ဗီဒီယိုတစ်ခုတွင်လည်း Yak-130 လေယာဉ်တစ်စင်း ဖြတ်ပျံမှု ငါးခုထက်မနည်း လုပ်ဆောင်ပြီး ပဲ့ထိန်းမဲ့ ရော့ကတ်များ တစ်ပြိုင်နက်တည်း ပစ်ခတ်မှု ၁၈ ခုခန့် လုပ်ဆောင်ခဲ့သည်ကို ပြသခဲ့သည်။

ထို တိုက်ခိုက်မှုများသည် ကရင်ပြည်နယ် အရှေ့တောင်ဘက် မြဝတီမြို့ တောင်ပိုင်းတွင် ဖြစ်ပွားထားခဲ့သည်ဟု ဆိုပြီး ယင်းဧရိယာတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များသည် အာဏာသိမ်းစစ်တပ်ကို ကာလကြာ တိုက်ခိုက်မှုများ လုပ်ဆောင်နေခဲ့သလို ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ရန် ထူထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လေ့ကျင့်မှုနှင့် ထောက်ကူပံ့ပိုးမှုများ ပေးလျက် ရှိသည်။

Myanmar Witness သည် ထိုဗီဒီယိုနှစ်ခုကို ပထဝီဝင် တည်နေရာ ဖော်ထုတ်ခဲ့ပြီး ယင်းတို့ကို ထိုင်း-မြန်မာ နယ်စပ်မှ မီတာ ၂၀၀ ခန့်အကွာမှ ရိုက်ကူးထားခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ၂၀၂၂ ဖေဖေါ်ဝါရီလထဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ အနောက်ဘက် စစ်ဆင်ရေးတစ်ခုတွင် Yak-130 လေယာဉ်တစ်စင်းထက်မနည်း ပါဝင်ခဲ့သည်ဟု ခွဲခြားဖော်ထုတ်သိရှိထားခဲ့ကြောင်း Myanmar Witness က အတည်ပြုသည်။

“ခေတ်မီ တိုက်ခိုက်ရေး လေယာဉ်ကို အထူးသဖြင့် အခြား စစ်ဖက်လေယာဉ်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းစေရင်းနဲ့ မဆင်မခြင် အသုံးပြုမှုကတော့ မြန်မာအာဏာသိမ်းစစ်တပ်ဘက်က သောင်းကျန်းသူတွေလို့ ရှုမြင်ထားတဲ့ အဖွဲ့တွေရဲ့ အသုံးပြုတဲ့ နည်းလမ်း၊ နည်းစနစ်တွေနဲ့ အတိုင်းသာကွာ ခြားလို့ နေပါတယ်” ဟု အစီရင်ခံစာက ဖော်ပြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s