တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကို ဆက်လက်ကျင့်သုံးမည်ဟု RCSS ထုတ်ပြန်

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးညှိုနှိုင်းပြီး လက်တွဲပူးပေါင်းကြိုးပမ်းမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)က ဇူလိုင် ၃၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

RCSS ရဲ့  ၆ လပတ်အစည်းအဝေးကို  ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီးနောက်  အခုလို ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီအစည်းအဝေးကို အကြံပေးအဖွဲ့တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဗဟိုဦးစီးကော်မတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ တာ ဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

RCSS/SSAဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး အာ ဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို  တက်ရောက်ခဲ့တဲ့အတွက် ပြည်တွင်း ပြည်ပမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ဝေဖန်ခံခဲ့ရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s