ပန်းတနော်မြို့နယ်တွင် PDF အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်း

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ပြည်သူတစ်ဦးအား PDF အယောင်ဆောင်ဆိုသူက လူမှုကွန်ရက် Messenger မှတဆင့် ခြိမ်းခြောက်ငွေတောင်းမှုတစ်ခု ဇူလိုင်လ နောက်ဆုံးပတ်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပန်းတနော်မြို့နယ်နေ အမည်မဖော်လိုသူအမျိုးသားတစ်ဦးအား PDF အယောင်ဆောင်ဆိုသူက Ayeyarwady UG Association (AYA)အဖွဲ့ကဟု လိမ်ညာပြောဆိုကာ ငွေကျပ်သိန်း ၁၀၀ လှူရန်နှင့် “ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုခုသို့တိုင်ကြားပါက လူကြီးမင်း၏ မိသားစုလုံခြုံရေး ထိခိုက်နိုင်ပါသည်”ဟု စာပို့ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း AUA ၏ ဝန်ရှိသူတစ်ဦးက ပြောသည်။

“PDF အယောင်ဆောင်ပြီး ကျွန်တော်တို့ AUA အဖွဲ့ရဲ့နာမည်နဲ့လိုဂိုကို ယူသုံးပြီး ငွေလိုက်ညှစ်နေတဲ့ စာရွက်တစ်ရွက်ကို ပြည်သူတစ်ဦးက လာပြလို့သိရတယ်။ ပြောပြချင်တာက ကျနော်တို့ AUA အဖွဲ့ဟာ စစ်ဆင်ရေးဖော်ဆောင်ဖို့နဲ့ မြို့ပြမှာစစ်ဆင်ရေးဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ကူညီနိုင်ဖို့ ကြိုးပမ်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ပါ။ ကျွန်တော်တို့ဟာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက် ပြည်သူကို ခြိမ်းခြောက်ငွေတောင်းတဲ့အလုပ်မျိုး ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး”ဟု AUA တာဝန်ရှိသူကဆိုသည်။

Ayeyarwady UG Association (AYA)၏ အလှူငွေနှင့် အခြားငွေကြေးကိစ္စများအား AUA ဘဏ္ဍာရေးတာဝန်ခံ နွေမတစ်ဦးတည်းကသာ တာဝန်ယူလုပ်ဆောင်နေကြောင်း AUA တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ပန်းတနော်မြို့နယ်က ဒေသခံအမျိုးသားအား လိမ်ညာဆက်သွယ်လာသည့် PDF အယောင် ဆောင်အား AUA အဖွဲ့ကလိုက် လံစုံစမ်းနေသည်ဟုလည်း ၎င်းကဆိုသည်။

“ယခု ထွက်ပေါ်နေသော ကျွန်ုပ်တို့ AUA တပ်ဖွဲ့ ၏ အမှတ်တံဆိပ်ကို အသုံးပြု၍ ခြိမ်းခြောက် ငွေညှစ်ခြင်းများသည် ကျွန်ုပ်တို့ AUA တပ်ဖွဲ့နှင့် မသက်ဆိုင်ကြောင်း အသိပေးလိုပါသည်” ဟု Ayeyarwady UG Association (AYA)၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s