ပျူခေါင်းဆောင်ကား မိုင်းဆွဲခံရမှုတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ သိမ်တိုင်နှင့် ဂင်ဂဲကျေးရွာကြား စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ပျူခေါင်းဆောင်၏ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ် (၁)- 27 Revolution Force မှ သတင်းထုတ်ပြန်သည်။

အဆိုပါမိုင်းဆွဲမှုကို ဇူလိုင်လ ၂၈ ရက်၊ ည ၈ နာရီဝန်းကျင်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ မြင်းခြံမြို့နယ်၊ ကြည်ရွာကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ငါးဦး အချင်းချင်း စကားများရန်ဖြစ်ကြရာမှ ရိုက်နှက်ကြပြီး စစ်ကောင်စီတပ်သား တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှတဆင့်သိရသည်။

“ရန်ဖြစ်ပြီးတော့ ရိုက်ပွဲဖြစ်ပြီး ဒဏ်ရာရတာ၊ စစ်သားချင်းဖြစ်တာ၊ သူတို့က စာသင်ကျောင်းထဲမှာ တပ်စွဲတာ၊ ကြည်ရွာဆိုတာက ရွာတစ်ခြမ်းက ပျူစောထီး နောက်တစ်ခြမ်းကတော့ ဒီတိုင်းပြည်သူတွေ၊ သီးသီးသန့်သန့်နေကြတာ” ဟု 27 Revolution Force ပြန်ကြားရေးတာဝန်ခံ AK က ပြောသည်။

သို့ဖြစ်၍ ၎င်းကျေးရွာရှိ ပျူခေါင်းဆောင်ဟု လူသိများသည့် စောထွန်းခိုင်၏ မှန်လုံအိမ်စီးကားဖြင့် စစ်ကောင်စီတပ်သား လေးဦးခန့် မြင်းခြံဆေးရုံသို့သွားရာ လမ်းတွင် ပဒေသာမိုင်း တစ်တွဲဖြင့် ကြားဖြတ်မိုင်းဆွဲခံလိုက်ရခြင်း ဖြစ်သည်။

“ကျွန်တော်တို့က သူတို့လာရာမှာ ကြိုတင်စောင့်ဆိုင်းပြီး မိုင်းဆွဲလိုက်တဲ့အချိန်မှာ သူတို့ဘက်က ပြန်လည်ပစ်ခတ်နိုင်စွမ်းလည်း မရှိတော့ဘူး၊ ဒဏ်ရာပြင်းထန်တဲ့တစ်ယောက်ကတော့ မိုင်းဆွဲတဲ့အချိန်မှာပဲ ကျသွားတာ၊ သူတို့ကားပေါ်ပါလာတဲ့သူသေတော့ ကားကို နောက်ပြန်လှည့်သွားတာ၊ ဆေးရုံမရောက်လိုက်ဘူး၊ ကျေးရွာခံ သတင်းပေးပို့တဲ့သူတွေရဲ့ သတင်းအရ နှစ်ယောက်သေတယ်ဆိုတာ သိရတာ” ဟု ပြန်ကြားရေးတာဝန်ခံ AK က ဆက်ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား မြင်းခြံခရိုင် တပ်ရင်း အမှတ် (၁)- 27 Revolution Forceနှင့်အတူ Burmese Guerrilla Force၊ Myaung Special People Defence Force-MSPDF၊ 11 Brothers Revolution Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲမှုပြုလုပ်ခဲ့သည့် သိမ်တိုင်နှင့် ဂင်ဂဲကျေးရွာမှာ ဆေးရုံတည်ရှိရာ မြင်းခြံမြို့နှင့် မိုင် ၂၀ ကျော်ခန့် ကွာဝေးသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s