ဖားကန့်မြို့နယ် ရဲကင်းတခုတွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာနဲ့ လုံးခင်းကျေးရွာကြားက ရဲကင်းမှာ ဇူလိုင် ၃၁ ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေ သခံတွေက ပြောပါတယ်။                          

“ည ၈ နာရီလောက် ပေါက်ကွဲမှုဖြစ်ပွားတယ်။ အသံကတော့ အတော်ကျယ်တယ်။ တာဝါတိုင်အနီးက ရဲကင်းမှာ နှစ်လုံးပေါက်တာ။ အစောင့်ရဲတွေတော့ ထိခိုက်မှု ရှိမရှိ မသိရဘူး” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။                      

ပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ကျောက်ဝိုင်းအတွင်းမှာ ကျောက်အရောင်း အ ဝယ်ပြုလုပ်နေသူတွေ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ စည်ပင်ရုံး၊ စုပေါင်းရုံး၊ ရဲကင်းစခန်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ တပ်သားသုံးဦး စျေးဝယ်ထွက်လာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရလို့ တဦး ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s