မူဆယ်တွင် စစ်ကောင်စီအရာရှိများနှင့်ချိတ် ဆက်သည့် CBD အွန်လိုင်းငွေလိမ်ဂိုဏ်းမှ တ ရုတ်နိုင်ငံသားပိုင်ရှင်များ ထွက်ပြေးပြီး အလုပ်သ မားများလည်း ပြောင်းရွှေ့
ရှမ်းပြည်နယ်၊မူဆယ်မြို့ရှိ CBD ငွေလိမ်ကုမ္ပဏီဂိုဏ်းကို ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်း တရုတ်အာဏာပိုင်များနှင့် စစ်ကောင်စီတပ်များ ပူး ပေါင်း ဝင်ရောက် စီးနင်းခဲ့သည်ဆိုသော သတင်းများထွက်ပေါ်နေပြီး ကုမ္ပဏီပိုင်ရှင်များမှာ ချိတ်ဆက်ထားသော စစ်ကောင်စီအရာရှိများ၏ ကြိုတင် သတင်းပေးမှုကြောင့် ထွက်ပြေးသွားကာ ကုမ္ပဏီဝန်ထမ်းများလည်း ပြောင်းရွှေ့လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ကုမ္ပဏီ ပိုင်ရှင်တွေက တရုတ်နိုင်ငံသားတွေပဲ။ အလုပ်သမားတွေက မြန်မာအလုပ်သမားတွေပဲ။ တောင်ပေါ်ဒေသတွေက ပါတယ်။ သူတို့ ဘာမှ သေချာ နားလည်ကြတာမဟုတ်ဘူး။ တကယ်က လောပန်းတွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လိမ်နေကြတာ။ အခု တရုတ်အာဏာပိုင်တွေဘက်က လာဖမ်းမယ်ဆိုတော့ စစ်တပ်ဘက်က သူဌေးတွေကို သတင်းပေးတော့ ပြေးနှင့်ပြီ။ အလုပ်သမားတွေက ဘာလုပ်ရမှန်း မသိကျန်ခဲ့တာ” ဟု မူဆယ်ဒေသခံ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။
CBD ကုမ္ပဏီမှာ မူဆယ်မြို့တွင် အကြီးဆုံး အလိမ်ကုမ္ပဏီဖြစ်ပြီး၊ တရုတ်နိုင်ငံသားများကို အဓိက ပစ်မှတ်ထားလိမ်လည်ကြောင်း၊ ထိုအထဲ We chat၊ Tiktok ၊ QQ နှင့် အခြားလူမှုကွန်ရက်စာမျက်နှာများဖွင့်ကာ ငွေကြေးရင်းနှီးမြှုပ်နှံသူများကို တစ်ပတ်အတွင်း အမြတ်ပေးမည်ဟုဆိုကာ ငွေကြေးများကို ပုံစံအမျိုးမျိုးဖြင့် မက်လုံးပေး ဆွဲဆောင် လိမ်လည်ခြင်းနည်းလမ်းများလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
မူဆယ်ရှိ အွန်လိုင်းအလိမ်အညာဂိုဏ်အများစုကို တရုတ်နိုင်ငံသားများက ထူထောင်လုပ်ကိုင်ကြပြီး ကုမ္ပဏီဝန်ထမ်းများမှာ မြန်မာအလုပ် သမားများသာဖြစ်ကြောင်း၊ ဝန်ထမ်းများက လိုက်လံ ဆွဲဆောင်လူရှာရကြောင်း သိရှိရသည်။
အဆိုပါ CBD ကုမ္ပဏီသည် တရုတ်သူဌေးများနှင့် မြန်မာဘက်မှ စစ်တပ်အရာရှိ ဗိုလ်ချုပ်ဟောင်းများ အကျိုးတူ ဆက်စပ်လုပ်ကိုင်ကြကြောင်း၊ လက်ရှိ တိုင်းမှူးများနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ တရုတ်သူဌေးများက ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပြီး လုံခြုံရေး ယူခြင်း၊ လက်နက်များ တင်သွင်း၍ လက်ရုံးတပ်များ ထူထောင်ခြင်းများ လည်းလုပ်ကိုင်ကြကြောင်း၊ မြန်မာရဲ၊ စစ်တပ်တို့နှင့်ချိတ်ဆက်ထားသဖြင့် အလွယ်တကူ ဖမ်းဆီးရန် မလွယ်ဘဲ စစ်ကောင်စီဘက်ကလည်း သတင်းပြန်ပေးလေ့ရှိကြောင်း မူဆယ်စီးပွားရေးသမားကဆိုသည်။
“ပြည်သူ့စစ်အမည်ခံပြီး လောင်းကစားရုံတွေကို လုံခြုံရေးယူတယ်။ ဒီဘက် မြန်မာဘက်က ရဲနဲ့ စစ်တပ်ကို ကျွေးတယ်။ အဲဒီလို အွန်လိုင်း အလိမ်ခံဂိုဏ်းတွေ လောင်းကစားအွန်လိုင်း ဂိမ်းလုပ်တဲ့သူတွေကလည်း အများကြီးပဲ။ မြန်မာဘက်က ရဲနဲ့စစ်တပ်ကလည်း ငွေရရင် အကုန်လုပ်တော့ တရုတ်သူဌေးတွေက မြန်မာဘက်မှာ လက်နက်ကိုင်အဖွဲ့တွေထောင်၊ ရဲနဲ့တပ်ကို အိတ်ထဲထည့်ထားတာပဲ” ဟု မူဆယ်စီးပွား ရေးသမားက ရှင်းပြသည်။ khit thit