မြင်းမူ၊ လက်ပံကျင်းကျေးရွာကို စစ်ရဟတ် ယာဉ် ၄ စင်းဖြင့် ပစ်ခတ်ပြီး လေကြောင်းဖြင့် စစ်သားများ ချထား၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာကို စစ်တပ်က ဝင်စီးနင်းသဖြင့် ပြည်သူများ ပိတ်မိနေ

အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာကို စစ်ရဟတ်ယာဉ် ၄ စင်းဖြင့် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်ပြီး လေကြောင်းဖြင့် စစ်သားများ ချထားပေးကာ ကျေးရွာကို ဝင်ရောက် စီးနင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည။

ဩဂုတ်လ ၁ ရက်နေ့ နံနက်၁၁ နာရီ ၄၀ မိနစ်အချိန် မြင်းမူမြို့နယ် လက်ပံကျင်းရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ကျေးရွာ၏ အရှေ့တောင်ဘက်တွင်လည်း စစ်သားများ ချထားပေးပြီး ပြည်သူများ ပိတ်နေကြောင်း သိရှိရသည်။

“ရွာသူရွာသားများ ရွာမှာပိတ်မိနေတယ်။ ရွာထဲကိုပါ လေယာဥ်နဲ့ပစ်တယ်။ အနီးနားရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ရဟတ်ယာဉ်နဲ့ လေကြောင်းက ပစ်တာ အချိန်တစ်နာရီလောက်ကြာတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်အင်အား ၇၀ ကျော်ကို ရဟတ်ယာဉ် ၃ စီးဖြင့် ချထားပေးခဲ့ပြီး အဆိုပါ အင်အား ၇၀ ကျော် စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက်ပြီး ဖျက်ဆီးလုယက် ဖမ်းဆီးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s