မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ခွဲတမ်းဖြင့်ရောင်းချပေးမည့် ဆန်စျေးနှုန်းကြောင့် ပြင်ပစျေးနှုန်း ပိုတက်လာနိုင်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှုန်းရောင်းချပေးမည်ဟု ကြေညာပြီး သတ်မှတ်ထားသည့်ဆန်စျေးနှုန်းမှာ ပြင်ပလက်လီဆိုင်များမှစျေးနှုန်းနှင့် တူညီနေခြင်း ကြောင့် ပြင်ပစျေးကွက်တွင် ဆန်စျေးနှုန်းထပ်မံမြင့်တက်စေရန် လုပ်ဆောင်နေသကဲ့သို့ ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ် ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)တို့ပူးပေါင်းပြီး စားသုံးသူများအတွက် သက်သာသော စျေးနှုန်းများဖြင့် ဆန်ရောင်းချပေးမည့်အစီအစဉ်ဟု ခေါင်းစဉ်တပ်ကာ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ် အိတ်နှုန်းဖြင့် ဧရာဝ တီပေါ်ဆန်း တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်မှ ၅၅၀၀၀ ကျပ်၊ ကြားပျံတစ်အိတ်လျှင် ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၇၇၀၀၀ ကျပ်၊ ရက် ၉၀ တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်စျေးနှုန်းဖြင့် ဩဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)၌ ရောင်းချပေးသွားမည်ဟု ကြေညာထားသည်။

“ရွှေဘိုပေါ်ဆန်းနဲ့ပဲ အရင်ပြောမယ်။ ပြင်ပစျေးထဲမှာလည်း အများဆုံးမှ ၈၅,၀၀၀ သာသာပဲရှိတယ် ဒါတောင် လက်လီစျေးနှုန်း။ အိမ်နဲ့အနီး အနားဆိုင်တွေမှာ ဝယ်လို့ရတယ်။ သူတို့ဆီမှာသွားဝယ်ဖို့ စရိတ် စကနဲ့ သွားစရိတ် သယ်စရိတ်တွေရှိမယ်။ သူတို့က တစ်အိတ်ကို ၇၀,၀၀၀ အများဆုံးသတ်မှတ်ရင်တော့ တော်သေးတာပေါ့။ အခုက စျေးနှုန်းကို သူတို့ကပါလိုက်ပြီးတော့ ဆွဲတင်နေသလိုဖြစ်နေတယ်။ အဖွဲ့ အစည်းအကြီးတွေလုပ်ပြီးတော့ ဘယ်လိုစဉ်းစားလည်းမသိဘူး၊ သူတို့တောင်ဒီစျေးရောင်းရင် ငါတို့လည်း ပိုရောင်းမယ်ဆိုတာမျိုးတွေ ဖြစ်လာတော့မယ်” ဟု ရန်ကုန်မြို့ရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ပြင်ပလက်လီစျေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင်တစ်အိတ်လျှင် ၈၀,၀၀၀ ကျပ်မှ ၈၈,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁၀၈ ပေါင်တစ် အိတ်လျှင် ၅၉,၀၀၀ ကျပ်၊ ဆင်းသုခအမျိုးနွယ် ၁၀၈ ပေါင်တစ်အိတ်လျှင် ၄၀,၀၀၀ ကျပ်၊ ရက် ၉၀ မျိုးနွယ် ၁၀၈ ပေါင်တစ်အိတ်လျှင် ၄၀,၀၀၀ ကျပ်ခန့်အထိ စျေးနှုန်းရှိနေချိန်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာရောင်းချမည့် စျေးနှုန်းသက်သာ ဆန်ရောင်းချရေးအစီအစဉ်မှာ စျေးနှုန်းမြင့်မားနေခြင်းကြောင့် ပြင်ပဆန်စျေးကွက်အတွင်း၌ပါ ပိုမိုမြင့် တက်လာစေနိုင်ကြောင်း ဆန်လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s