ရန်ကုန်မှာတင် တိုက်ခိုက်မှု အကြိမ် ၂၀၀၀ ကျော်ဖြစ်ခဲ့ကြောင်း မင်းအောင်လှိုင်ပြော

အာဏာသိမ်းပြီးကတည်းက ရန်ကုန်မှာတင် တိုက်ခိုက်မှု အကြိမ် ၂၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း စစ်အုပ်ချုပ်ရေး ၁၈ လပြည့်သည့် အထိမ်း အမှတ်ဖြင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ယနေ့မနက်တွင် နိုင်ငံပိုင်ရုပ်သံများကတစ်ဆင့် ပြောကြားသည်။

အာဏာသိမ်းမှုကြောင့် လူမှုရေး၊ စီးပွားရေး အဖက်အဖက် ခြွတ်ခြုံကျနေသော်လည်း နိုင်ငံ၏ စီးပွားရေးကို ၆ လအတွင်း ဦးမော့လာအောင်လုပ်မည်ဟုလည်း ၎င်းကပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက တရားဝင်ရွေးချယ်ထားသည့် အရပ်သားခေါင်းဆောင်များကို ဖြုတ်ချဖမ်းဆီးထားသော်လည်း နိုင်ငံတော်ကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးဆိုသည်ကို ယမန်နေ့က ခေါ်ယူပြီး နောက်ထပ်သက်တမ်း ၆ လတိုးယူသည်ဟု ကြေ ညာခဲ့သည်။

မင်းအောင်လှိုင်၏ စစ်အုပ်ချုပ်ရေးအား ပြည်သူအများစုက အာဏာသိမ်းပြီးသည်နှင့် အနုနည်းဖြင့်လည်းကောင်း လက်နက်ကိုင်နည်းဖြင့်တစ် ဖုံအမျိုးမျိုးတော်လှန်နေသောကြောင့် ယခုအချိန်ထိ စစ်အာဏာသိမ်းမှုသည် အောင်မြင်ခြင်းမရှိသေးပေ။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s