ရေဦးတွင် ရွာများကို မီးရှို့နေသော စစ်တပ်ကို PDF တပ်ပေါင်းစုက တိုက်ခိုက်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးတွင် ရွာများကို မီးရှို့နေသော စစ်တပ်ကို PDF တပ်ပေါင်းစုက တိုက်ခိုက်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း Khin U Local Guerrilla Forceမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ရေဦးမြို့နယ်မှ ကား ၄ စီးဖြင့် ချထားခဲ့သော စစ်တပ်သည် ခြေလျှင်စစ်ကြောင်းဖြင့် ရေဦးနယ်အနောက်ခြမ်း သံသည်၊ ဇဝ၊ နှောကုန်း၊ ကုန်းတန်း၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ မဲအိုး၊ ဖလံဂုဏ်၊ ကံပေါက်၊ ကုန်းသာ၊ မြို့ကြီး၊ ထန်းတော စသည့်ရွာများကို ရွာစဉ်ပတ်မွှေ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇူလိုင်၂၈ရက်နေ့ ညနေပိုင်းတွင် တင်းတိန်ရံရွာသို့ အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ မွှန်းလွဲပိုင်းမှစတင်ပြီး တင်းတိန်ရံ (စျေး) ဆိုင်ခန်းပေါင်း(၂၀၀)ကျော်နှင့် ပြည်သူပိုင်နေအိမ် ရာနှင့်ချီပြီး ၃ရက်ဆက်တိုက် မီးတင်ရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်း တင်းတိန်ရံမှ ဒီပဲယင်းခြံသို့အထွက် လမ်းခရီးတွင် Khin U local Guerrilla Force(KUGF) ၊ Hero Army ၊ ဗိုလ်လရောင် Local Defence Force တို့နှင့်အတူ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးပြီး စစ်သားအများအပြား ဒဏ်ရာရရှိကြောင်း Khin U local Guerrilla Force(KUGF)၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s