ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာ ၄ ရက်ဆက်မီးရှို့ခံရ၊ နေအိမ်နှင့်ဈေးဆိုင်ခန်း ၃၀၀ ကျော်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်က တင်းတိမ်ရံကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ၄ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အပါဝင် ကျေးရွာဈေးဆိုင်ခန်း စုစုပေါင်း ၃၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၈ ရက်နေ့ကစတင်ကာ တင်းတိမ်ရံကျေးရွာထဲကို ပစ်ခတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဇူလိုင် ၃၁ ရက်အထိဆက်တိုက် မီးရှို့ခဲ့ရာမှာ ဈေးဆိုင်ပေါင်း ၂၂၀ ကျော်၊ အိမ်ခြေ ၁၀၀ ကျော်နဲ့ ဆန်စက် ၄ လုံးတို့ ဆုံးရှုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံကျေးရွာသားတဦးက”၂၈ ရက်နေ့ကစပြီး ကုန်းသာရွာဘက်မှာရော မြို့ကြီးနဲ့ ပေါက်တောရွာကြားမှာပါ။ စစ်ကောင်စီတပ်နဲ့ PDF တပ် ဖွဲ့ တွေတိုက်ပွဲဖြစ်တယ်။ အဲ့နေ့ကစပြီး ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတာ။  စစ်ကောင်စီတပ်ဖွဲ့တွေ အထိခိုက်အသေပျောက်များတယ်လို့ သိရတယ်။ အဲ့ဒီလို အထိနာလာတော့ ပြည်သူကိုမဲလာတာ။ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုတဲ့ ဗမာစကားပုံလိုပဲ၊ အခုလဲ ရွာအိမ်ခြေတွေရော၊ ဈေးထဲက ဆိုင်ခန်းတွေပါ အကုန်မီးရှို့ခံလိုက်ရပြီ။ ဒေသခံကျေးရွာပြည်သူတွေလဲ အကုန်ထွက်ပြေးနေကြရတယ်။ တင်းတိမ်ရံမှာက အိမ်တွေရှို့ပြီး ဈေးဆိုင်ခန်းတွေရောပါ မီးရှို့သွားတာ။  အဖိုးတန်ပစ္စည်းမှန်သမျှ အကုန်ယူသွားတယ်။ မသယ်နိုင်တဲ့ပစ္စည်းကြတော့ မီးရှို့သွားတယ်” လို့ ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s