အာဆီယံ ဦးဆောင်သော အစည်းအဝေး၌ မြန် မာနိုင်ငံ ကိုယ်စားပြုသူ ပါမည် မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ ပြေ

ယခု သီတင်းပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံကို ကိုယ်စားပြုသူ ပါဝင်လိမ့်မည် မဟုတ်ကြောင်း အာဆီယံ ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။
ဤမတိုင်မီက အာဆီယံ အစည်းအဝေးသို့ အာဏာသိမ်းစစ်အုပ်စု မဟုတ်သော နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်စေရန် အဆိုပြုချက်ကို မြန်မာအာဏာသိမ်းစစ်ကောင်စီက ငြင်းပယ်ထားခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစပြီး ယင်း၏ အစည်းအဝေးများသို့ မြန်မာအာဏာသိမ်းစစ်အုပ်စု တက်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်ထားခဲ့သည်။
အကြောင်းမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ သဘောတူထားခဲ့သည့် အာဆီယံ ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ကင်းမဲ့နေခဲ့ခြင်းကြောင့် ဖြစ်သည်။ mizzima