အာဏာသိမ်းပြီးနောက်ပိုင်း ရဲဘက်စခန်းတွေမှာ အခြေအနေပိုဆိုးလာနေ

စစ်တပ် အာဏာမသိမ်းခင်ကတည်းက အခြေအနေတွေသိသိသာသာ မတိုးတက်လာတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ရဲဘက်အကျဥ်းစခန်းတွေဟာ အာဏာသိမ်းပြီးနောက်အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့သိရှိရပါတယ်။
ရဲဘက်အကျဥ်းစခန်းတွေမှာ အကျဥ်းသားတွေကို အင်မတန်အန္တရာယ်များတဲ့ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ရောမခေတ်က ကျွန်တွေလို အလုပ်တွေခိုင်းပြီး၊ ရရှိလာတဲ့ဝင်ငွေတွေဟာ စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ခေါင်း ဆောင်ပိုင်းကို အဓိကစီးဆင်းနေပါတယ်။
မန္တလေးတိုင်း ပုသိမ်ကြီးမြို.နယ်မှာရှိတဲ့ ထုံးဘိုကျောက်ထုတ်လုပ်ရေး ရဲဘက်စခန်းမှာ လက်ရှိ အကျဥ်းသား ၁၄၀ ကျော်ရှိပြီး၊ အကျဥ်းသားတွေကို အင်မတန်ပြင်းထန်တဲ့ ရာသီဥတုအောက်မှာ သံခြေကျင်းတွေခတ်ပြီး အလုပ်စေခိုင်းမှုတွေ ပြုလုပ်နေကြောင်း Myanmar Now က စုံစမ်းသိရှိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကျဥ်းဦးစီးဌာနရဲ. ရာထူးကြီးတွေကို စစ်တပ်က အရာရှိတွေအများအပြားပြောင်းရွှေ.နေရာယူနေကြပြီလို့လည်း အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေပါတယ်။myanmar now