မုံရွာစည်ပင်အရာရှိ သုခ ပစ်သတ်ခံရ၊ မြစ်ကြီးနားတွင် ကြံ့ဖွတ်ပါတီဝင် လီဆူဝန်ကြီးဟောင်း ပစ်ခတ်ခံရပြီး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ စစ်ကောင်စီလက်အောက်ခံ စည်ပင်အရာရှိ နှင့် စစ် တပ်သတင်းပေး သုခ ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) – မုံရွာတပ်ခွဲက သတင်းထုတ်ပြန် သည်။
ဩဂုတ်လ ၁ ရက်နေ့ နံနက် ၇ နာရီအချိန် မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက်တွင် စည်ပင်အရာရှိ သုခကို သေနတ်ဖြင့် ၆ ချက် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း၊ သုခသည် မုံရွာမြိုနယ် စည်ပင်သာယာမှာ စစ်ကောင်စီ လက် အောက်ခံ Non – CDM ဝန်ထမ်း ဖြစ်ပြီး တော်လှန်ရေး အင်အားစုများ၏ သတင်းများကို စုံစမ်း၍ စစ်အုပ်စုထံ သတင်းပေးနေသူ ဖြစ်ကြောင်း၊ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်သည် သုခ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မူးဒူးရွာမှ ကောင်စီ၏သတင်းပေးဟု သတ်မှတ်ခံထားရသူ ယူစိန်သည် သြဂုတ်၁ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“သေနတ်ပစ်ခတ်သံများကြားရပြီးမှဒလန်ရှင်းခံရမှန်းသိလိုက်ရတယ်။ပစ်ခတ်ခံရသူတော့ပွဲချင်းပြီး ဆုံးပါးသွားခဲ့တယ်။ အခုရွာထဲကို စခများဝင်လာပြီး စစ် ဆေး နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်း ကြံ့ဖွတ်ပါတီဝင် ၊ ကချင်ပြည်နယ် လီဆူတိုင်း ရင်းသား ယဉ်ကျေးမှု ဥက္ကဋ္ဌ၊ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်းအားဆီသည် သေနတ်သမားတချို့က ပစ်ခတ်ရာ ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်တောင်ပိုင်း၊ ၂၅ ရပ်ကွက်၊ ဇီဇဝါလမ်းနှင့်ဇီဇဝါ (၂) လမ်းထောင့်တွင် ယနေ့ မွန်းလွဲ ၃ နာရီအချိန် ရာအိမ်မှူးကျော်နိုင် ပစ်ခတ်ခံရကြောင်း၊ ဒဂုံတောင်ပျောက်ကျားတပ်ဖွဲ့ SDGF က ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တောင်ဒဂုံဂိတ်ဟောင်းသပိတ်ကို လာရောက်ဖြိုခွင်းစဉ်က ကျော်နိုင်က ကားမောင်းပေးခဲ့သူဖြစ် ကြောင်း၊ ထို့ကြောင့် ရှင်းလင်းခြင်းဖြစ်ကြောင်း SDGF က သတင်းထုတ်ပြန်ထား သည်။
ထို့ပြင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ နယ်၊ တဂဏန်းကျေးရွာမှ ရဲသတင်းပေးလောင်းကစားဒိုင် နှင့်ပျူစောထီး ဝင်းမြိုင်ကို အမည်မသိ သေနတ်သမားတချို့က ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကန့်နီကျေးရွာမှ ရာအိမ်မှူး ခင်စိန်ကို PDF စခန်းများကို စစ်တပ်အတွက် လမ်းပြပေးမှုအတွက် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် သာယာ၀တီခရိုင် တပ်ရင်း ၂ က ရှင်းလင်းလိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ khit thit