မုံရွာ၊ ရေဦး ၊ ရေစကြိုတို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ ဖြစ် ပွားပြီး စစ်သား ၃၅ ဦးကျော်သေ ဆုံး

စစ်ကိုင်းတိုင်း၊ ရေဦး၊ မုံရွာနှင့် မကွေးတိုင်း ရေစကြိုတို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ရေဦးခရိုင် ရေဦးမြို့နယ် တင်းတိမ်ရံရွာကို ဇူလိုင် ၂၈ ရက်နေ့မှစ၍ အင်အား ၁၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက မီးရှို့လုယက်သဖြင့် DRPA ၊FRF၊ရွှေဘိုခရိုင်ရင်း(၁၂)၊ ဒေသခံကာကွယ်ရေးအဖွဲ့များပါသော ပူးပေါင်းတပ်က ဇူလိုင်လ ၂၈ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ၆ ကြိမ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်ဗိုလ်တစ်ဦး အပါအဝင် ၂၅ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူများပြားကြောင်း DRPA က သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ကျောက်လှေခါးရွာအနီးရှိ Gold Power ဆီဆိုင်ရှေ့ လမ်းမ ပေါ်တွင် မိုင်းအတု တစ်လုံးကို ထားခဲ့ကြောင်း၊ ရှေ့ထွက်မိုင်းအစစ်အသေးစားကိုတော့ ဆီဆိုင် နှင့် ပခုက္ကူGTC (နည်းပညာ) ကျောင်း လမ်းကြားတစ်နေရာတွင် အရန်သင့်ထောင်ထားခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ မိုင်းထောင်ထားစဉ် ညနေ ၃ နာရီခွဲအချိန် GTC မှ စစ်တပ်က မိုင်းအတု ကို သေနတ်ဖြင့် အချက်ပေါင်း ၅၀ နီးပါး လာရောက်ပစ်ခတ်ခဲ့ ကြကြောင်း၊ ယင်းနောက် ပြန်ထွက်လာစဉ် မိုင်းအစစ်နားအရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သား ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရှေ့ထွက်မိုင်းအသေးစားသည် ဖြတ်သွားဖြတ်လာ ပြည်သူများနှင် အလွန်ပင်နီးကပ်သွားသောကြောင့် စစ်တပ်နှင့် အနည်းငယ်လွှဲ ဖောက်ခွဲလိုက်ရသဖြင့် စစ်သားများ ပွဲချင်းပြီး မသေဆုံးခြင်းဖြစ်ကြောင်း၊ မစ်ရှင် တွင်Yesagyo Revolution Group-YRG၊ Urban Underground Revolution Force -UURF / Shwe Nyar Myae – PDF နှင့် Zarmani Blood Guerilla Army – Myaing အဖွဲ့များမှပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ် ၁ ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ကံပြားရွာနှင့် တဲကြီးကုန်းခြားရှိ သဲချောင်းတွင် အင်အား ၁၀၀ ကျော်ပါ စစ်ကား ၃ စီးနှင့် ခြေလျင်စစ် ကြောင်း ကို မုံရွာ အခြေစိုက် PDF များက ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးကျော်သေဆုံးကြောင်း၊ PDF တပ်ဘက်မှ သေဆုံးမှု မရှိကြောင်း သိရှိရသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ရင်း ၃ ခုက ပူးပေါင်း တိုက် ခိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s