ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား တိုက် ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ကလေးမြို့ နည်းပညာတက္ကသိုလ်မှတဆင့် တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယမန်နေ့ ဩဂုတ်လ ၂ ရက် နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းကို နည်းပညာတက္ကသိုလ်တောင်ဘက် သာယာကုန်းရွာအနီးတွင် PDF များက စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကလေး နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်သို့ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရစစ်သားများကို တက္ကသိုလ်ဝန်းအတွင်းသို့ သယ်ယူသွားပြီး လူနာတင်ယာဉ်များဖြင့် ကလေးမြို့တွင်းသို့ ပြန် လည်သယ်ဆောင်သွားသည်ဟု PDF-Kalay တပ်ဖွဲ့က ဆိုသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်သည် သာယာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး အမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကလေး-ဂန့်ဂေါလမ်းမကြီးကို ပြည်သူများ အသုံးမပြုကြရန် PDF-Kalay က တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်ဖွဲ့ကို PDF-Kalay တပ်ရင်း ၁၊ ၂၊ ၅၊ ၆၊ ပကဖ (ကလေး)၊ Vakok CNDF၊ CDF (KKG)၊ RKDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s