ဂျပန်ရောက်မြန်မာများ အခက်အခဲရှိပါက တိုင်ပင်ဆောင်ရွက်နိုင်ကြောင်း NUG ကိုယ် စားလှယ်ပြော

နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းကုန်နေသူများ၊ ဗီဇာသက်တမ်းတိုးသည့်အခါနှင့် နိုင်ငံခြားခရီးသွား ရန်လိုအပ်သည့်အခါ အခက်အခဲတစုံတရာရှိပါက တိုင်ပင်ဆောင်ရွက်နိုင်ကြောင်း NUG Japan Office ၏ ကိုယ်စားလှယ် စောဘလှသိန်း ကပြောကြားလိုက်သည်။

ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ရုံးအား ဇူလိုင် ၃၁ ရက်နေ့တွင်တရားဝင်ဖွင့်လှစ်ပြီဖြစ်ကြောင်းထုတ်ပြန်ချက်၌ ယခုကဲ့သို့ ထည့်သွင်းရေးသား ထားခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်သက်တမ်းကုန်သည့် ပြဿနာများကိုမူ လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း တစ်ချိန်တွင်ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် NUG အနေဖြင့် ဂျပန်နိုင်ငံခြားရေးဌာန၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ တာဝန်ရှိသူများ နှင့် ဆွေးနွေးမှုများရှိနေကြောင်း ထုတ်ပြန်ချက်မှတစ်ဆင့်ပြောဆိုထားသည်။

ထို့ကြောင့် ဂျပန်ရောက်မြန်မာပြည်သူများမှလည်း NUG Japan Office ၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ ၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းလည်း မေတ္တာရပ်ခံခဲ့သည်။

ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး၏ ကိုယ်စားလှယ်အဖြစ်တာဝန်ယူထားသည့် စောဘလှသိန်းမှ ဂျပန် ရောက်မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေးကိုကူညီပေးနေသော ဂျပန်နိုင်ငံသားများနှင့်တွေ့ဆုံ ကာ ရှေ့ဆက်ဆောင်ရွက်သွားမည့် NUG Japan Office ၏ လုပ်ငန်းစဉ်များကို ဇူလိုင် ၃၁ ရက် ညနေ ပိုင်းတွင် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွင့်လှစ်ပွဲအခမ်းအနားသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့မှ အွန်လိုင်းမှတဆင့် အမှာစကားပြောကြားခဲ့ကြသည်။

အလားတူ လွှတ်တော်အမတ်များ၊ မီဒီယာများ၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီစောင့် ရှောက်ပေးနေသော ရဲတာဝန်ခံများ၊ သက်ဆိုင်ရာဧည့်သည်တော်များလည်း NUG Japan Office ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s