စခန်းကိုလာပစ်ပါက ကျေးရွာကိုပြန်ပစ်မည်ဟု စစ်ကောင်စီစခန်းမှူးခြိမ်းခြောက်

စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်မှုလုပ်လျှင် ကျေးရွာကို လက်နက်ကြီးဖြင့်ပြန်ပစ်မည်ဟု ဘီးလင်းမြို့နယ်တွင်းရှိ စစ်ကောင်စီခန့် စခန်းမှူးကခြိမ်းခြောက်ပြောဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လိုက်သည်။

ဘီးလင်းမြို့နယ် ဝင်းတာပန် စခန်းမှူး တပ်ခွဲမှူး မျိုးကျော်မြင့်က ဝင်းတာပန်(တာပေါ) ရွာသူရွာသားများကို ခေါ်ယူတွေ့ဆုံကာ ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၁ ရက်နေ့မှစ၍ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- ၈ (ပိန္နဲတော)လက်အောက်ခံ ခြေမြန်တပ်ရင်း (၄၁၀)က ဝင်းတာပန်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားပြီးနောက် ရပ်မိရပ်ဖများကို အစည်းအဝေးခေါ်ကာ KNU လက်အောက်ခံတပ်များ ၎င်းတို့စခန်းကို လာရောက်ပစ်ခတ်ပါက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်၊

ဝင်းတာပန်တပ်စခန်းသည် ကေအဲန်ယူ ဘီးလင်းမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းတပ်စွဲထားသောကြောင့် KNU လက်အောက်ခံတပ်များနှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုများရှိပြီး ဇူလိုင် ၃၁ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်ကလည်း KNU ကသွားရောက်ပစ်ခတ်မှုဖြစ်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s