စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်း၍ ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်နေသည့်အမျိုး သား ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ ကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက်မှု ပြုလုပ်နေသည့် အမျိုးသားကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) ထံမှ သိရသည်။
တွံတေးမြို့နယ်၊ ကရင်ချောင်းကျေးရွာအုပ်စု၊ ဘီခိုကျေးရွာတွင် နေထိုင်သည့် ဦးသိန်းဝင်း(ခ)ငပူးဆိုသူ အမျိုးသားကို ပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ သြဂုတ်လ ၁ ရက် ည ၈ နာရီ ၂၄ မိနစ်အချိန်တွင် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
“သူက ရွာမှာ ရွာမိရွာဖိလိုမျိုးနေတဲ့သူ၊ ချမ်းသာတယ်၊ စစ်တပ်ထောက်ခံတဲ့သူ ဖြစ်သလို လူမ်ိုက်တွေလည်း လက်သပ်မွေးပြီး ရွာမှာလူတွင် ကျယ်လုပ်နေတဲ့သူပါ၊ ခေတ်အဆက်ဆက်က စစ်တပ်တို့ ကြံ့ဖွတ်တို့နဲ့ ပေါင်းပြီး လယ်ယာမြေတွေလည်း မတရားသိမ်းယူထားတဲ့သူပါ၊ သူကို ရွာထဲက လမ်းမှာပဲ သေနတ်နဲ့ ခြောက်ချက်ပစ်ပြီး ရှင်းလင်းခဲ့တာဖြစ်ပါတယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)တာဝန်ရှိသူက မဇ္စျ်ိမကို ပြောသည်။
ပြောက်ကျားတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံလိုက်ရသည့် ဦးသန်းဝင်း (ခ)ငပူးဆိုသူသည် တွံတေးမြို့နယ်ရှိ အပြစ်မဲ့ပြည်သူနှစ်ဦးအား အ ကြမ်းဖက်စစ်ကောင်စီမှ ပစ်သတ်ခဲ့မှုတွင် အဓိကတာဝန်ရှိသူ ဖြစ်ပြီး စစ်ကောင်စီတပ်ကို ခေါ်ယူခဲ့သူဖြစ်ကြောင်း ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
ထို့အပြင် ကျေးရွာအတွင်းရှိ ဆိုင်ကယ်များအား မတရားသိမ်းဆည်းခြင်းအပြင် ကျေးရွာနေပြည်သူများကို စကားနားမထောင်ပါက စစ်တပ်ခေါ်ပစ်သတ်ခိုင်းမည်ဟု ခြိမ်းခြောက်ခြင်းများကြောင့် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
တွံတေးမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန်နှင့် သတင်းပေးဒလန်များ၏ လုပ်ရပ်များကို ရပ်တန့်ရန် ပြီးခဲ့သည့် လပိုင်းတွင် သတိပေးမှုများပြုလုပ်ထားခဲ့ပြီးနောက် လိုက်နာခြင်းမရှိသူများကို မြို့ပြပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်မှုများ ဆက်တိုက်လုပ် ဆောင်နေသည်။
ထို့ကြောင့် တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေ ဒေါက်တိုင်များအနီးတွင် နေထိုင်ခြင်းနှင့် ဆက်ဆံခြင်းမပြုကြရန် မေတ္တာရပ်ခံထားကာ အလေးထား လိုက်နာပေးကြရန်လည်း ပြောက်ကျားတပ်ဖွဲ့က ထပ်မံတိုက်တွန်းထားသည်။mizzima