တောင်ငူရှိ MIG 29 စစ်တိုက်လေယာဉ်မောင်း လေတပ်ဗိုလ်ကြီး သီဟန်ထူး နေအိမ် မီးရှို့ခံရ၊ မိသားစုဝင်များ အားလုံး မနေရဲ၍ တပ်ထဲ ပြောင်းရွှေ့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ MIG 29 စစ်တိုက်လေယာဉ်မှူး ဗိုလ်ကြီး သီဟန်ထူး၏ နေအိမ် ယမန်နေ့ ညပိုင်းတွင် မီးရှို့ခံရလိုက်ရသဖြင့် အိမ်အောက်ထပ် မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများနှင့်တော်လှန်ရေးရဲဘော်တချို့ထံမှ သိရှိရသည်။
ဩဂုတ်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် တောင်ငူမြို့၊ စက်ရှင်လမ်း၊ ရပ်ကွက် ၂၀ ရှိ ဗိုလ်ကြီးသီဟန်ထူး၏ နေအိမ်ကို တောင်ငူမြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခု ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး တောင်ငူတွင် လူငယ်များ ဖမ်းဆီးခံရမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မီးရှို့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ကြီးသီဟန်ထူးသည် ပြည်သူများကို သတ်ဖြတ်နေသည့် MIG -29 လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်း၊ ဗိုလ်ကြီးသီဟန်ထူး၏ နေအိမ်သည် လူမရှိတော့ဘဲ အိမ်သားအားလုံး စစ်တပ်ထဲတွင် ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရှိရသည်။
“ဦးမြင့်သောင်းရဲ့သား လေတပ်ဗိုလ်ကြီး သီဟန်ထူးအိမ် မနေ့ညက မီးရှို့ခံရတာပါ။ အိမ်အောက်ထပ်မီးလောင်ပါတယ်။ တစ်အိမ်လုံးလောင်ဖို့ကို အသိမြန်သွားလို့ပါ။ ဗိုလ်ကြီးသီဟန်ထူးအိမ်က တောင်ပိုင်းသစ်ထုတ်ရုံးရှေ့ ရပ် ကွက် ၂၀မှာပါ။ အိမ်က သူ့မိဘတွေရော အိမ်သားတွေရော မနေကြတော့ဘူး။ အားလုံးတပ်ထဲ ပြောင်းနေကြတာ။ လူတော့ ထိခိုက်မှုမရှိပါဘူး။ တောင်ငူမှာ လူငယ်တွေကို စစ်တပ်က နေ့စဉ် ဖမ်းဆီးနေတဲ့အပေါ် လက်တုံ့ပြန်တာပါ” ဟု တောင်ငူမြို့ပြပျောက်ကျားရဲဘော်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်တွင် MIG 29 ရုရှားစစ်တိုက်လေယာဉ်မှူးမောင်း ၁၅ ဦးရှိပြီး
ဒုမှူးကြီး ရဲကျော်သူ
ဗိုလ်မှူး ကျော်ဇေယျာစိုး
ဗိုလ်မှူး စောထက်အောင်
ဗိုလ်မှူး ရဲလင်းမြတ်
ဗိုလ်မှူး ကျော်စွာတင်လေး
ဗိုလ်မှူး သန့်ဇော်ဝင်း
ဗိုလ်ကြီး အောင်ထူး
ဗိုလ်ကြီး စိုင်းထွန်အောင်
ဗိုလ်ကြီး သီဟန်ထူး
ဗိုလ်ကြီး ရဲမင်းအောင်
ဗိုလ်ကြီး ဖြိုးဦးခန့်
ဗိုလ်ကြီး ဝေလင်းဖြိုး
ဗိုလ်ကြီး ရဲဝင်းလှိုင်
ဗိုလ်ကြီး ကောင်းခန့်စိုး
ဗိုလ်ကြီး တင်စိုးသန်း တို့ဖြစ်ကာ ဗိုလ်ကြီးသီဟန်ထူးလည်း အပါအဝင်ဖြစ်သည်။ khit thit