ထားဝယ်-ရေဖြူ ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇီးကျရွာနဲ့ ညင်းထွေးရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို ဇူလိုင် ၃၀ ရက် ညနေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ Dawei Guerrilla Revolution Force – DGRF အဖွဲ့က သြဂုတ် ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရေဖြူဘက်မှ ထားဝယ်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို DGRF နဲ့ ရေဖြူပကဖရဲ့ ဝေဟင်တပ်စိတ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုမှာ အင်အားပြင်း လက်လုပ် ဆိုလာပြောင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက် စီးနင်းလိုက် ပါလာတဲ့ ကားတစီး ရုတ်တရက် ထိုးရပ်သွားပြီး တပ်ဖွဲ့ဝင် ၂ ဦးသာ မတ်တပ်ရပ်နေနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ကုတင် ၁၀၀ ဆေးရုံ ပို့ဆောင်ထားပြီး သေဆုံးသူအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ဇူလိုင် ၂၉ ရက် မနက်ပိုင်းကလည်း သက်ကယ်ကွက်ကျေးရွာအနီး ရေး-ထားဝယ် ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း ၄ စီး မိုင်းဆွဲတိုက် ခိုက်ခံခဲ့ရပါသေးတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ 

ဇူလိုင် ၃၁ ရက်နေ့ ပြုလုပ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီအစည်းအဝေးမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀ ၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်အထိ တနိုင်ငံလုံးမှာ လက်ပစ်ဗုံး လက်လုပ်ဗုံးပစ်ခံရတာ၊ မိုင်းခွဲခံရတာ ၇၂၄၆ ကြိမ်ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင်က ပြောဆိုထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s